Wednesday, October 2, 2013

တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်သောကြောင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား မလေးရှားဘုရင် ဘွဲ့တံဆိပ်ချီးမြှင့်

မြန်မာနှင့် မလေးရှားတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်သောကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားနိုင်ငံ ဘုရင်က Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က အစိုးရပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကဲ့သို့ပင် ယူအေအီး တပ်မတော်ဦးစီးချုပ်၊ ဖိလစ်ပိုင် တပ်မတော်ရေတပ်ဦးစီးချုပ်နှင့် ဘရူနိုင်းရေတပ် ဦးစီးချုပ်တို့ကိုလည်း မလေးရှားဘုရင်က ဘွဲ့တံဆိပ် ပထမအဆင့် အဆောင်အယောင် စလွယ်နှင့် အဆောင်အယောင် တံဆိပ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား Honourary Malaysian Armed Forces Order For Valour (Second Degree)- Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ဒုတိယအဆင့် လည်ဆွဲနှင့် အဆောင်အယောင် တံဆိပ်တို့အား မလေးရှားဘုရင်က ပေးအပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment