Thursday, October 3, 2013

သံတွဲပဋိပက္ခ အချိန်ကိုက်လုပ်သည်ဟု သမ္မတ ဦးသိန်းစိန်က သံသယဖြစ်


ရခိုင်ပြည်နယ် ခရီးစဉ်သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်က သံတွဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ သူ့ ခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ခဲ့သည်ဟုပင် သံသယ ဖြစ်စရာ အကြောင်းများ ရှိကြောင်း ယနေ့ည ၈ နာရီ သတင်းတွင် ကြေညာသွားပါတယ်။  



 သံတွဲမြို့ရောက် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်ရှိနေချိန်တွင် သံတွဲ မြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိ ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာအကြောင်းများရှိ×××

ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ရရှိစေရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပေးအပ်ထားသည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး မဖြစ်မနေဆောင်ရွက် သွားမည်ဖြစ်၊ လူမျိုးဘာသာခွဲခြားမှု မရှိဘဲ တရားဥပဒေအတိုင်းတိကျစွာဆောင်ရွက် သွားမည်ဖြစ်××

တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူများစိုးရိမ်ကြောင့်ကြစွာ နေထိုင်နေရသည့်အခြေအနေ၊ အပြန် အလှန်စိုးရိမ်ရသည့် အခြေအနေကို လက်မခံနိုင်××××××

နိုင်ငံတော်သမ္မတဦးသိန်းစိန် အောက်တိုဘာလ ၃ ရက်နေ့ သံတွဲမြို့မှ ရခိုင်တိုင်းရင်းသား ရပ်မိ ရပ်ဖများ၊ ကမန်တိုင်းရင်းသားရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားချက်မှ ကောက်နှုတ်ချက် 

( ယနေ့ည ၈နာရီ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းမှ ) လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ ဖေ့စ်မှာ ဖော်ပြလိုက်ပါတယ်။ 

သမ္မတရုံးဝက်ဆိုက်သတင်းမှာတော့ ... 





သမ္မတ ဦးသိန်းစိန်ကတော့ အခုလို သူ့ခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ဆောင်တယ်ဆိုတဲ့ သံသယ ဖြစ်သွားခဲ့ပြီး ဆိုရင်တော့ ဒီ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပယောဂဟာ အတွင်းကလာတာလား၊ အပြင်ကလာတာလား ဆိုတာတော့ စဉ်းစားစရာ ဖြစ်နေဆဲပါ။ 

မည်သို့ပင်ဆိုစေ ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက်လုပ်ဆောင်ကြသူတွေဟာ လူ့ အသက်၊ အိုးအိမ်တွေကို တန်ဘိုး မထားပဲ ရက်စက်တဲ့ ကစားပွဲ တခုကို အကျိုးမဲ့စွာ ကစားနေခြင်းဟုသာပြောရပေတော့မည်။ 


အိမ့်သံစဉ် ~ 

ဧရာဝတီblog

0 comments:

Post a Comment