Wednesday, October 2, 2013

နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် လေကြောင်းလိုင်း နှစ်လိုင်းစီ အခြေပြုပြေးဆွဲနိုင်ရန် စီစဉ်

နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လေကြောင်းလိုင်း နှစ်လိုင်းစီ အခြေပြု ပြေးဆွဲလုပ်ကိုင်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားသည်။

အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်တင် မေးမြန်းသည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လေကြောင်း လိုင်းများ တိုးချဲ့အခြေချရန် ရှိမရှိ မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ လေကြောင်းလိုင်း အခြေချပြေးဆွဲဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ  FMI Airlines နဲ့ APEX Airlines ၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မန်းရတနာပုံ လေကြောင်းလိုင်းနဲ့ SAGA Airlines လေကြောင်းလိုင်းတွေ အခြေပြု တည်ထောင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးဟံစိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်  မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် Night Landing Facilities ပြည့်စုံစွာ တပ်ဆင်ထားကြောင်း ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြစ်သည့်Myanmar Airways Int'l,Thai Airways Int'l,Bangkok Airways, Silk Air,Golden Myanmar Airlines,Air India,Hong Kong Dragon,Vietnam Airlines,Korean Air,Asiana Airlines,All Nippon Airways များ ညပိုင်းတွင် ဆင်းသက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment