Monday, May 5, 2014

ကချင်နဲ့အစိုးရတပ်တွေ တိုက်ပွဲပြန်လည်ဖြစ်ပွား

Photo: ကချင်နဲ့အစိုးရတပ်တွေ တိုက်ပွဲပြန်လည်ဖြစ်ပွား
Tuesday, May 6, 2014

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။မြန်မာစစ်တပ်ကတော့ စစ်ရှိန်လျှော့ချတဲ့အနေနဲ့ရော သဘောတူညီချက်လိုက်နာတဲ့အနေနဲ့ရော လိုက်ပြီး ပစ်တာခတ်တာမျိုး မလုပ်ပဲ ပစ်ခတ်ခံရတဲ့အခါမှသာ တုန့်ပြန်မှုတွေ လုပ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုမြစ်ကြီးနား ဆက်ဆံရေးရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ မြစ်မခသတင်းက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအင်ရှန်ဆန်မောင်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတာ မကြားရသေးပေမယ့် အစိုးရဘက်က တပ်မတွေ စစ်ဆင်ရေးတွေ ထိုးနေပြီဆိုတာကို သိရကြောင်း ပြောပါတယ်။

ဂျော်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာတဲ့ မရွယ်တောင် ကတော့ ရှမ်းပြည်မြောက်ပိုင်း လခွမ်းဘွမ်းဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့မှာ ဒုက္ခသည်စခန်း ၅ ခုထိဖွင့်လှစ်ထားပြီး လူပေါင်း ၁၇၀၀ကျော် ရှိတယ်လို့ သိရပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တချို့တွေကြားမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီးတော့ အရပ်သားတွေကိုပါ ဖမ်းဆီးနေတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲပြောဆိုတာတွေလည်း ရှိနေတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC Radio Australia
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။မြန်မာစစ်တပ်ကတော့ စစ်ရှိန်လျှော့ချတဲ့အနေနဲ့ရော သဘောတူညီချက် လိုက်နာတဲ့အနေနဲ့ရော လိုက်ပြီး ပစ်တာခတ်တာမျိုး မလုပ်ပဲ ပစ်ခတ်ခံရတဲ့အခါမှသာ တုန့်ပြန်မှုတွေ လုပ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုမြစ်ကြီးနား ဆက်ဆံရေးရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ မြစ်မခသတင်းက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအင်ရှန်ဆန်မောင်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတာ မကြားရသေးပေမယ့် အစိုးရဘက်က တပ်မတွေ စစ်ဆင်ရေးတွေ ထိုးနေပြီဆိုတာကို သိရကြောင်း ပြောပါတယ်။

ဂျော်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာတဲ့ မရွယ်တောင် ကတော့ ရှမ်းပြည်မြောက်ပိုင်း လခွမ်းဘွမ်းဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့မှာ ဒုက္ခသည်စခန်း ၅ ခုထိဖွင့်လှစ်ထားပြီး လူပေါင်း ၁၇၀၀ကျော် ရှိတယ်လို့ သိရပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တချို့တွေကြားမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီးတော့ အရပ်သားတွေကိုပါ ဖမ်းဆီးနေတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲပြောဆိုတာတွေလည်း ရှိနေတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment