Monday, May 5, 2014

ပြည်နယ်ထွေ/အုပ်အငယ်တန်းစာရေးနှင့် ဒေသခံဆိုင်ကယ်ကယ်ရီသမားတို့အား KIA မှ ဖမ်းဆီး

Photo: ပြည်နယ်ထွေ/အုပ်အငယ်တန်းစာရေးနှင့် ဒေသခံဆိုင်ကယ်ကယ်ရီသမားတို့အား KIA မှ ဖမ်းဆီး
Monday, May 5, 2014

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလာမ်ကျေးရွာအုပ်စု၊ နယူးရတနာဦး ရာဘာခြံဘေးရှိ ကချင်ချောင်းသာ အပန်းဖြေစခန်းသို့ ရုံဝန်းထမ်း(၁၄)ဦးနှင့် ဆိုင်ကယ် ကယ်ရီသမား(၆)ဦးအဖွဲ့တို့ အလည်အပတ်သွား စဉ် ပြည်နယ်ေ ထွ/ အုပ် အငယ်တန်းစာရေးနှင့် ဒေသခံဆိုင်ကယ် ကယ်ရီသမား တို့အား မေ(၃)ရက် နေ့နံနက်(၁၁)နာရီခွဲခန့်တွင် KIA အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများ၏ မျက်မြင်ပြောကြားမှုအရ သိရသည်။

မြစ်ကြီးနားမှ ကချင်ချောင်းသာအပန်းဖြေစခန်းသို့ သွားသော မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းပိုင်း ဒွန်ဂမ်ရွာနှင့် လုံဂါဇွပ်ရွာကြား၌ KIA တပ်ဖွဲ့ဝင် များမှ လာသမျှပြည်သူအား ၀ါးလုံးဖြင့်တားကာ စစ်ဆေးမေးမြန်းမှု များ ပြုလုပ်ပြီး ဆက်ကြေးတောင်းယူမှုများ ပြုလုပ်နေခြင်းကို လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

`` မနေ့ကဆိုင်ကယ် ဆယ်စီးလောက်နဲ့အဖွဲ့တစ်ဖွဲ့ မြစ်ကြီးနားဘက်က လာတာတွေ့တယ်၊ ကချင်စစ်သားတွေက ၀ါးလုံးတားပြီး ရှေ့ဆုံးကဆိုင်က ယ်ကို ရပ်ခိုင်းတယ်၊ ပြီးတော့ အဲဒီလူနှစ်ယောက်ကို ဖမ်းသွားတယ်၊ ရာဘာ ခြံဘေးနားက လမ်းအတိုင်း ဖမ်းသွားတာမြင်တယ်´´ ဟု မျက်မြင်တွေ့ခဲ့ေ သာ ရွာသားတစ်ဦးက ဆိုသည်။

KIA မှဖမ်းဆီးသွားသောလူ(၂)ယောက်မှာ ဖြိုးဖြိုး(၂၃)နှစ် (ဘ)ဦးမြင့်လွင်၊ ဗမာ/ဗုဒ္ဓ ပြည်နယ်ထွေ/အုပ် အငယ်တန်းစာရေး၊ လမ်းသွယ်(၁၀)၊ နယ်မြေ(၃)၊ အမှတ်(၃၆၇/ခ)၊မြေမြင့်ရပ်ကွက်၊ မြစ်ကြီးနားမြို့နှင့် မုန်ခန်နော်(၂၄)နှစ် (ဘ)ဦးနော်အောင်၊ ယာဉ်မောင်း၊ ကချင်/ခရစ်ယာန်၊ ဒုကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့တို့ဖြစ်ကြောင်း သိရသည်။

`` ဒီနယ်မြေမှာ လူသစ်စုနေတာ KIA အဖွဲ့ပဲရှိတာ၊ အခုအဲဒီလူနှစ်ေ ယာက်ကို ကြိုးတုတ်ပြီး ဖမ်းသွားတာမြင်လိုက်တယ်၊ အာလမ်ကျေးရွာ အုပ်ချုပ်ရေးမှုးနဲ့ ၀န်ထမ်း(၂)ဦးလိုက်သွားတာမြင်တယ်၊ ဒါပေမယ့် KIA အဖွဲ့တွေခင်ဗျားတို့ ပါလာတဲ့လူ(၂)ယောက်ကို ကြိုးတုတ်ပြီးဖမ်းသွားပြီေ ပာတော့ ပြန်သွားတယ်´´ ဟု ရာဘာစိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေသူ တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက `` ၀န်ထမ်းတွေ အပန်းဖြေစခန်းသွားတာ မှန်ပါတယ်၊ ငြိမ်းချမ်းရေးအကျိုးေ ဆာင်အဖွဲ့ထံကို KIA အဖွဲ့က ၀န်ထမ်းတစ်ဦးကို ဖမ်းသွားတာဟုတ်မ ဟုတ် မေးထားပါတယ်၊ ဒါပေမယ့် အခုချိန်ထိ တိတိကျကျ အကြောင်းမပြ န်သေးပါဘူး ၊ တကယ်လို့ ပြန်လာတဲ့ဝန်ထမ်းတွေက မျက်မြင်ရွာသွားေ တွရဲ့ ပြောပြမှုအရ အဖြစ်မှန်သိလာပါလိမ့်မယ်၊ KIA အဖွဲ့က ဖမ်းသွားရဲ့ သားနဲ့ ၀န်ထမ်းကို ပြန်မလွှတ်ပေးဘူးဆိုရင် ဒီကိစ္စကို လွှတ်တော်အထြိေ ဖရှင်းပေးဖို့ တင်ပြသွားမှာပါ´´ ဟု ပြောကြားခဲ့ပါသည်။

ညီသစ်(မြစ်ကြီးနား)

0 comments:

Post a Comment