Sunday, May 4, 2014

ခရီးသည်များက အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းကို လုယက်မှုဖြစ်

၃.၅.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန် ကမာရွတ်မြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ဦးခိုင်ဇော်ဦးမှ ၎င်းသည် ၇က/--- ကိုရိုလာအစိမ်းရောင် အငှားယာဉ် အား ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်းမောင်းနှင်လာရာ စိန်ဂေဟာရှေ့ အရောက်တွင် အသက်(၂၅)နှစ်ခန့်ရှိ လူငယ်တစ်ဦးအပါအ၀င် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးတို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၇/၈)လမ်းဆုံသို့ ငွေကျပ်(၆၀၀၀)ဖြင့် ငှားရမ်းခဲ့ သဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းအတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလမ်းဆုံ မီးပွိုင့်အရောက် (၇/၈)လမ်းဆုံဘက်သို့ မချိုးကွေ့စေဘဲ မီးပွိုင့်အား ဖြတ်သန်းမောင်းနှင်စေခဲ့ပြီး မီးပွိုင့်အလွန်အရောက် ယာဉ်ကိုရပ်တန့်ခိုင်း ခဲ့ကြောင်း၊ ယာဉ်အားရပ်ပေးစဉ် အမျိုးသမီး(၂)ဦးမှာဆင်းသွားခဲ့ပြီး ယာဉ်ပေါ်တွင်ကျန်ရှိ သည့် အမျိုးသား(၃)ဦးအနက်(၂)ဦးမှ ၎င်းအား ချုပ်နှောင်ကာ ကျန်(၁)ဦးမှဘောင်းဘီအိတ်ကပ်အတွင်းရှိငွေကျပ် (၂၃၇၀၀၀)နှင့် SIM ကတ်ပါ HUAWEI G-730 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိုသို့ကျူးလွန်ခဲ့ကြသူ အမျိုးသား(၃)ဦးအား အရေးယူပေးရန် တိုင်တန်း လာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၂၃၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment