Sunday, May 4, 2014

MH 370 ကိစ္စ သံသယဖြစ်သူ ၁၁ ဦး ဖမ်းဆီးထား

လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက အိန္ဒိယသမုဒ္ဓရာထဲ ပျက်ကျပျောက်ဆုံးသွားတယ်လို့ ဆိုတဲ့ မလေးရှား
လေကြောင်း လိုင်း MH 370 လေယာဉ်ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သံသယရှိတဲ့ အယ်ကေဒါ အကြမ်းဖက်သမား ၁၁ ဦးကို ပြီးခဲ့တဲ့ စနေနေ့ည က မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါ တယ်။

အဲဒီသံသယဖြစ်ခံရသူ ၁၁ ဦးကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့တော်မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ မွတ်စလင်တိုင်းပြည်တွေကိုပါ အကြမ်းဖက် တိုက်ခိုက်ဖို့ အကြံအစီရှိတဲ့ အကြမ်းဖက်သမား အဖွဲ့သစ် တခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဂျေရုဆလင် အွန်လိုင်းသတင်းတခုမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှုနဲ့ သံသဖြစ်ခံရသူ ၁၁ ဦးဟာ အသက် ၁၁ နှစ်ကနေ ၅၅ နှစ် အတွင်း ရှိကြပြီး ကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ မုဆိုးမ အမျိုးသမီးငယ် တဦးတောင် ပါတယ်လို့ FBI နဲ့ MI – 6 တို့ရဲ့ စုံစမ်းစစ် ဆေးမှုတွေအပြီး သတင်းပေါ်ထွက်လာပါတယ်။

သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပဲဖြစ်တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မလေးရှားအစိုးရက MH 370 လေယာဉ်ပျောက်ဆုံးမှုနဲ့ အစီရင်ခံစာပေါ်ထွက်လာခဲ့ပါတယ်။

လေယာဉ်ပျောက် ပူးပေါင်း ရှာဖွေရေးတွေကလည်း ဘာ သဲလွန်စမှ မရခဲ့ပဲ လေယာဉ်ဟာ အခုထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မလေးရှားလေယာဉ်ပျောက်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှု အမျိုးမျိုးနဲ့ အခုထိ ပဟေဠိ ဆန်တဲ့ ပုစ္ဆာဆန်း တပုဒ် ဖြစ်နေ ဆဲပါ။

အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment