Friday, September 11, 2015

အင်တာနက်တွင်ကျော်ကြားသူမိန်းကလေး တရားမ၀င်လောင်းကစားလုပ်ကိုင်မှုနဲ့ ထောင်ဒဏ်ငါးနှစ်ကျခံရ

(အင်တာနက်တွင် နာမည်ကြီးခဲ့တဲ့ Guo Mei Mei)

တရုတ်နိုင်ငံရဲ့ အင်တာနက်တွင် နာမည်ကျော်ကြားသူ Guo Meimei အား တရားမ၀င်ကက်စီနိုလောင်းကစား လုပ်ကိုင်မှုနဲ့ ဘေဂျင်းမြို့ Dongcheng People တရားရုံးမှ ကြာသပတေးနေ့က ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။သူမအား တရားရုံးမှ ထောင်ဒဏ်အပြင် တရုတ်ယွမ်ငွေ ငါးသောင်း(အမေရိကန်ဒေါ်လာ ၇၈၀၀) ကို ဒဏ်ငွေအဖြစ် ချမှတ်လိုက်တာပါ။ ဒါ့အပြင် သူမရဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ Zhao Xiaolai ကိုတော့ ထောင် ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ယွမ် နှစ်သောင်း ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Guo ဆိုတဲ့ အမျိုးသမီးငယ်ဟာ ၂၀၁၁ ခုနှစ်ကစလို့ နာမည်ဆိုးနဲ့ ကျော်ကြားလာသူပါ။ ငွေကို ရေလိုသုံးဖြုန်းကာ သွားလာပျော်ပါးနေထိုင်ခဲ့တဲ့ သူမရဲ့ နေထိုင်ပုံတွေကို မှတ်တမ်းတင် ထားသော ဓာတ်ပုံတွေဟာ တရုတ်လူမှုမီဒီယာပေါ်မှာ ပျံနှံ့လာခဲ့ပြီးနောက်ပိုင်း အခုလို နာမည်ဆိုးနဲ့ကျော် ကြားလာခဲ့ခြင်းလည်းဖြစ်ပါတယ်။


သူမစီးတဲ့ တန်ဖိုးကြီး ကားများအကြောင်း၊ သူမ အသုံးပြုကိုင်ဆောင်တဲ့ ပိုက်ဆံအိတ်များ အကြောင်းကို အွန်လိုင်းမှာ ကြွားလုံးထုတ်နေတုန်း သူမကိုယ်သူမလည်း တရုတ်ကြက်ခြေနီအသင်းအဖွဲ့မှာ စီးပွားရေး ကဏ္ဍဆိုင်ရာ မန်နေဂျာတဦးအဖြစ် အလုပ် လုပ်ကိုင်နေသူပါလို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို သူမတင်ခဲ့တဲ့ပို့စ်တွေဟာ ပြည်သူတွေရဲ့ဒေါသကို ပိုပြီးထိုးဆွလိုက်သလိုဖြစ်ခဲ့ကာ အဆိုးဆုံး ကတော့ သူမဟာ အသင်းအဖွဲ့ရဲ့လှူဒါန်းငွေတွေကို အလွဲသုံးစားပြုလုပ်ခဲ့သလား မပြုလုပ်ခဲ့ဘူးလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတော့တယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ သူမနဲ့ တစုံတရာ ချိတ်ဆက်ပတ်သက်မှုကို ငြင်းဆိုထားခဲ့ပေမယ့်လည်း အများပြည်သူရဲ့ ယုံကြည်မှုနဲ့ အဖွဲ့အစည်းအပေါ် နောက်ထပ်လှူဒါန်းလာမှုတွေ လျော့ပါး ကျဆင်းသွားတဲ့ ရလဒ်တွေပဲ ထွက်ရှိလို့လာပါတော့တယ်။

နောက်ဆုံးမှာတော့ သူမကို ၂၀၁၄ ဇူလိုင်တွင် ဘေဂျင်းမြို့က ငှားရမ်းထားတဲ့ တိုက်ခန်းတခုမှာ တရားမ၀င် အင်တာနက်လောင်းကစား လုပ်ကိုင်မှုနဲ့ ရဲက ဖမ်းဆီးခဲ့ပါတော့တယ်။

လအနည်းငယ်အကြာမှာတော့ တရုတ်နိုင်ငံမှ major TV channels ကနေ သူမအား ခြေရာခံမိတဲ့အကြောင်းကို ထုတ်လွှင့်ပြသခဲ့ပြီး အခုလို သူမရဲ့ မှားယွင်းတဲ့ လုပ်ရပ်တခုကြောင့် အသင်းအဖွဲ့အပေါ် အများပြည်သူရဲ့ ယုံကြည်မှု ပျက်ယွင်းသွားတဲ့အရာကတော့ ပြန်လည်ပြုပြင်ပြောင်းလဲလို့ရမှာမဟုတ်တော့ဘူးလို့ ၀န်ခံ ပြောဆိုသွားခဲ့ပါတယ်။

Ref: CCTV news
ဧရာဝတီ

0 comments:

Post a Comment