Sunday, September 27, 2015

လူအုပ်ပြိုမှုအတွက် ဆော်ဒီ တောင်းပန်ရန်လိုဟုဆို


ဆော်ဒီအာရေဗျနိုင်ငံ မီနာမြို့၌ လူအုပ်ပြိုမှုကြောင့် ဘုရားဖူး (၇၆၉) ဦး သေဆုံးခဲ့ခြင်း အတွက် ဆော်ဒီအာရေဗျ အာဏာပိုင်များ ၀န်ချတောင်းပန်ရန် လိုအပ်ကြောင်း အီရန်မဟာခေါင်းဆောင် အယာတိုလာ အလီခါမဲနေက ပြောဆိုခဲ့ကြောင်း ခါမဲနေ၏ ၀က်ဘ်ဆိုက်၌ တနင်္ဂနွေနေ့တွင် ဖော်ပြထားသည်။““ဒီကိစ္စကို ဘယ်သူကမှ မေ့ပျောက် သွားမှာမဟုတ်ဘူး၊ နိုင်ငံတွေက အလေးအနက် ထားနေကြမှာ၊ ဟိုလူ၊ ဒီလူကိုအပြစ်တင် နေမယ့်အစား ဆော်ဒီအစိုးရဟာ တာဝန်ယူပြီး မွတ်ဆလင်တွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို တောင်းပန်ရပါမယ်”” ဟု မဟာခေါင်းဆောင်က ပြောဆိုခဲ့သည်ဟု ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရှီယိုက် မွတ်ဆလင် အီရန်နှင့် ဆွန်္နီ မွတ်ဆလင် ဆော်ဒီအာရေဗျ တို့သည် ဒေသတွင်း သြဇာကြီးမားရေး အတွက် ပြိုင်ဆိုင်မှု များပြုလုပ် နေကြသည်။ လူအုပ်ပြိုမှုကြောင့် အီရန်နိုင်ငံသား (၁၄၄) ဦးသေဆုံး ပြီး(၃၀၀) ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အီရန်အစိုးရက ပြောဆိုခဲ့သည်။

““အစ္စလာမ်ကမ္ဘာမှာ မေးစရာမေးခွန်း တွေရှိနေပါတယ်၊ လူ(၁၀၀၀) ကျော် သေတယ်ဆိုတာ သာမန်ကိစ္စမဟုတ်ဘူး၊ မွတ်ဆလင် နိုင်ငံတွေ ဒါတွေကို အလေးထား သုံးသပ်ဖို့ လိုအပ်ပါတယ်””ဟု ခါမဲနေက ပြောဆိုခဲ့သည်။ လူအုပ်ပြိုမှုကြောင့် လူ (၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း အီရန်အစိုးရ အရာရှိများက ပြောဆိုခဲ့သည်။

လူအုပ်ပြိုမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အီရန်သမ္မတ ဟာဆင်ရိုဟာနီက ကုလ၌ စနေနေ့တွင် မိန့်ခွန်းပြောရင်း တောင်းဆိုခဲ့သည်။

Source:Reuters
Messenger News Journal

0 comments:

Post a Comment