Wednesday, September 30, 2015

အမေရိကတွင် ပြုလုပ်သည့် ဒီချုပ်ရန်ပုံငွေဖျော်ဖြေပွဲ နှစ်ပွဲအပြီးတွင် အလှူငွေ ကန်ဒေါ်လာသုံးသောင်းကျော်ရရှိ


အမေရိကန်ပြည်ထောင် စုတွင် ပြုလုပ်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး၊ ကျန်းမာရေးနှင့် ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပပြီးချိန်၌ အလှူငွေကန်ဒေါ်လာသုံးသောင်း ကျော် ရရှိခဲ့ကြောင်း သတင်းရရှိ သည်။ယင်းဖျော်ဖြေပွဲခရီးစဉ်၏ ပထမဆုံးဖျော်ဖြေပွဲကို စက်တင် ဘာ ၂၆ ရက်က ဖို့ဒ်ဝိန်းတွင် ပြု လုပ်ခဲ့ပြီး အလှူငွေ ကန်ဒေါ်လာ နှစ်သောင်းကျော် ရရှိခဲ့ကြောင်း ယင်းဖျော်ဖြေပွဲ၌ ပါဝင်သည့် အဆိုတော် ဆောင်းဦးလှိုင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ဒုတိယဖျော်ဖြေပွဲဖြစ်သည့် ချီကာဂို၌ပြုလုပ်သည့် ပွဲတွင် လည်း အလှူငွေ ကန်ဒေါ်လာ တစ်သောင်းကျော် ရရှိခဲ့ကြောင်း ဆောင်းဦးလှိုင်က ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတစ်ဆင့် အသိပေးသည်။

ထပ်မံ၍ ရှားလော့၊ ဘိုကာ ရာတန်၊ နယူးယောက်၊ ဘော်စ တွန်၊ ဆန်ဖရန်စစ္စကိုနှင့် လော့စ် အန်ဂျလိစ် မြို့များတွင် အောက် တိုဘာအတွင်း၌ ရန်ပုံငွေဖျော်ဖြေ ပွဲများ ဆက်လက်ပြုလုပ်မည်ဖြစ် သည်။ယင်းခရီးစဉ်တွင် ဆောင်း ဦးလှိုင်၊ R ဇာနည်၊ ထွန်းအိန္ဒြာဗို၊ နီနီခင်ဇော်နှင့် ဥက္ကာဦးသာတို့ ပါဝင်ဖျော်ဖြေနေပြီး နိုင်ငံတော် သီချင်းကို ဖျော်ဖြေပွဲတိုင်းတွင် သီဆိုဖြစ်ကြောင်း ထွန်းအိန္ဒြာဗို ကပြောသည်။

ယင်းဖျော်ဖြေရေးခရီးစဉ်ကို လွန်ခဲ့သည့် သုံးလခန့်ကတည်းက သွားရောက်ဖျော်ဖြေရန် စီစဉ်ခဲ့ ခြင်းဖြစ်ပြီး ပြည်ဝင်ခွင့်ဗီဇာအခက်အခဲကြောင့် သုံးလခန့် နောက်ကျ ခဲ့ခြင်းဖြစ်သည်။

7Day Daily

0 comments:

Post a Comment