Sunday, September 27, 2015

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဧရာဝတီအသင်းဗိုလ်စွဲ

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ဧရာဝတီအသင်း ဆုလက်ခံယူနေစဉ် (ဓာတ်ပုံ − MFF)

၂၀၁၅ ဗိုလ်ချုပ်အောင် ဆန်းဒိုင်းရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက် အသင်းက ရတနာပုံအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွား သည်။

စက်တင်ဘာ ၂၇ ရက်က အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့်ဗိုလ်လုပွဲတွင် နှစ်သင်းစလုံးက အ ဓိက ကစားသမားများအား အသုံး ပြုခဲ့သည်။ ရတနာပုံအသင်းသည် ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ကိသ်သွင်းယူသည့်ဂိုးဖြင့် ဧရာဝ တီအသင်းကို ဦးဆောင်နေခဲ့ သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ရှုံးထွက်ဖလားချန်ပီယံ လည်းဖြစ်သည့် ဧရာဝတီအသင်း အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများ ကို ပွဲချိန် ၆၅ မိနစ်၌ တိုက်စစ်မှူး ရစ္စတီနှင့် ၇၂ မိနစ်တွင် မြန်မာ့လက်ရွေးစင်ကစားသမား ကျော်မင်းဦးတို့က သွင်းယူခဲ့ခြင်း ဖြစ် သည်။

အနိုင်ရရှိခဲ့သည့် ဧရာဝတီ အသင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆုကြီးနှင့်အတူ ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ကို ရရှိခဲ့ပြီး ဒုတိ ယဆုရ ရတနာပုံအသင်းက ဆု ကြေးငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့ သည်။ ထို့အတူ ဧရာဝတီအသင်း သည် လာမည့်နှစ် အေအက်ဖ်စီ ဖလား ပြိုင်ပွဲဝင်ခွင့်တစ်နေရာကို လည်း ရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ပြီးခဲ့သည့်နှစ်များတွင် ရှုံးထွက်ဖလားပြိုင်ပွဲများကို စပွန် ဆာပေးသည့်ကုမ္ပဏီအလိုက် အ မည်သတ်မှတ်ကာ ကျင်းပခဲ့သော် လည်း ယခုနှစ်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့နှင့် တိုက်ဆိုင်နေသဖြင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းအမည်ဖြင့် ဂုဏ် ပြုကျင်းပခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်များတွင်လည်း ရှုံးထွက်ဖ လားပြိုင်ပွဲကို ဗိုလ်ချုပ်အောင် ဆန်းဒိုင်းအမည်ဖြင့်သာ ဆက် လက်ကျင်းပသွားရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment