Monday, September 28, 2015

ဝ တဲ့ အမျိုးသားတွေက သားယောင်္ကျားလေး ပိုရနိုင်


မွေးလာမယ့် ကလေးက ယောင်္ကျားလေးလား၊မိန်းကလေးလားဆိုတာ ဖခင်ဖြစ်သူရဲ့ ခါးနံပတ်နဲ့ သက်ဆိုင်တယ်လို့ ယူဆရပါတယ်။

လေ့လာတွေ့ ရှိမှုအသစ်တစ်ခုအရ အ၀လွန်ပြီး၊ကိုယ်အလေးချိန်များနေတဲ့ အမျိုးသားတွေဟာ ပိန်တဲ့ အမျိုးသားတွေထက် သားသားရဲ့ဖေဖေပိုဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ မျိုးအောင်ခြင်းနဲ့ မြုံခြင်း ဆိုင်ရာဆေးပညာဂျာနယ် တစ်စောင်မှာဖော်ပြခဲ့တဲ့ လေ့လာမှုဟာ သားသမီးရဖို့  ကုသမှုခံယူနေတဲ့ စုံတွဲပေါင်း ၈၅၀၀ကို လေ့လာခဲ့တာဖြစ်ပါတယ်။တွေ့ ရှိချက်အရ ပိန်တဲ့အမျိုးသားတွေဟာ ယောင်္ကျားလေး ၆၁၁ ယောက်နဲ့ မိန်းကလေး ၅၆၉ ယောက် ရရှိခဲ့ပြီး၊ အချိုးချတွက်ကြည့်မယ်ဆိုရင် ယောင်္ကျားလေးမွေးဖွားမှုက ၇ ရာခိုင်နှုန်းပိုများနေတာကို တွေ့ ရမှာပါ။ ဒါပေမယ့် အ၀လွန်နေတဲ့အမျိုးသားတွေကတော့ သားယောင်္ကျားလေး ရရှိမှု ၂၇ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ ရှိခဲ့ရပါတယ်။

ဖြစ်နိုင်ချေတစ်ခုက ၀ တဲ့အမျိုးသားတွေဟာ သန္ဓေအောင်ပြီးနောက်မှာ သန္ဓေသားလောင်းကို ယောင်္ကျားလေးဖြစ်စေတဲ့ ‘Y’ သုတ်ကောင် အရေအတွက်က ပိန်တဲ့လူတွေထက် ပိုများလို့ ဖြစ်နိုင်တယ့်လို့  ဗြိတိသျှလူမျိုး သန္ဓေအောင်ခြင်းဆိုင်ရာကျွမ်းကျင်သူ ပရော်ဖက်ဆာ Simon Fishel က ပြောပြခဲ့ပါတယ်။

Ref: Metro
Trend Myanmar

0 comments:

Post a Comment