Friday, September 25, 2015

အမေး အဖြေ


(မေး) ။ ။ဝိသုဒ္စိမဂ် တတိယအဆင့် သင်တန်းသားတစ်ဦးရဲ့ မေးခွန်းဖြစ်ပါတယ် အရှင်ဘုရား။
တပည့်တော်မေးမြန်းလျှောက်ထားလိုသည်မှာ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနှင့်
ပါတ်သက်သည့်ကိစ္စပါဘုရား။ ယခုအခါ လူပုဂ္ဂိုလ်တစ်ဦးက နိဗ္ဗာန်နှင့်ပါတ်သက်သည့်
အကြောင်းအရာများ ဟောပြော၊ စာအုပ်ရေးသား ထုတ်ဝေလျက် ရှိပါတယ်ဘုရား။
ထိုပုဂ္ဂိုလ် ဟောကြားနေသည့် အကြောင်းအရာများထဲမှ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းနှင့်
ပါတ်သက်သည့် အချက်တစ်ချို့မှာ တပည့်တော်တို့ သင်ကြားနာယူ မှတ်သားခဲ့ရသည့်
အဘိဓမ္မာ ဋီကာကျော် ၀ိသုဒ္ဓိမဂ် ကျမ်းစာများတွင် ပါဝင်သည်များနှင့် ကွဲလွဲမှုရှိနေသည်ဟု
ယူဆမိပါသဖြင့် ၀ိဝါဒကွဲပြားမှုကို ဆရာတော်ဘုရားက ရှင်းလင်းပေးတော်မူပါရန်
ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။
(၁) ။ ။ ထိုပုဂ္ဂိုလ်က နိဗ္ဗာန်ကို ရုပ် နာမ်ဖြင့် မျက်မှောက်မပြုနိုင်၊ မမြင်နိုင်၊ မဂ်ဥာဏ်ဖြင့်သာ
မျက်မှောက်ပြုနိုင်တယ်လို့ ဆိုပါတယ်ဘုရား။ ထိုသို့ ဆိုရခြင်းမှာ နိဗ္ဗာန်သည် ဖြစ်ပျက်
မရှိသော အသင်္ခတဓာတ်ဖြစ်ပြီး သဘောသဘာဝမတူသောကြောင့် ရုပ် နာမ် ဖြင့်နိဗ္ဗာန်ကို
မမြင်နိုင်ဟု စောဒက တက်ခြင်းဖြစ်ပါသည် ဘုရား။

(၂) ။ ။ မဂ်ဥာဏ်သည် စိတ်မဟုတ်၊ စိတ်နှင့် မဂ်ဥာဏ်သည် တစ်ခြားစီ၊ မဂ်ဥာဏ်သည် အသင်္ခတဓာတ်ဟု
ဆိုပါသည် ဘုရား။ တပည့်တော်တို့ သင်ကြားခဲ့ရသည့် အဘိဓမ္မာတွင်မူ ရုပ်တရားသည် သိတတ်သည့်သဘောမရှိသဖြင့် နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ဆိုခြင်းမှာ အငြင်းပွားဖွယ်မရှိသော်လည်း နာမ်တရားတွင်မူ အကျဉ်း(၈၉) အကျယ် (၁၂၁) ပါး၌ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် မဂ်စိတ်။ ဖိုလ်စိတ်များဖြစ်သည့် လောကုတ္တရာစိတ်များအကျုံးဝင်ပြီး ဖြစ်ပါသည် အရှင်ဘုရား။ မဂ်ဥာဏ် ဆိုသည်မှာလည်း မဂ်စိတ်၌ယှဉ်သော မဂ်စိတ်နှင့် ခွဲမရသောအမောဟခေါ် ပညာစေတသိက်သာ တရားကိုယ်ဖြစ်ပြီး ပညိနြေ္ဒထူးလေးပါးဖြင့် မဂ်လေးတန်ကို ထွင်းဖောက်သိမြင်နိုင်သည့် ဥာဏ်ထူးသာ ဖြစ်သည်ဟု တပည့်တော်တို့ နားလည်ထားပါသည်ဘုရား။ ယင်း မဂ်ဥာဏ်သည်လည်းစိတ္တခဏ တစ်ခုမျှသာဖြစ်ပြီး၊ ဖြစ်ပြိးပျက်သည့် သဘောရှိသည့်အားလျော်စွာ သင်္ခတနယ်ပယ်၌ အကျုံးဝင်သော်လည်းဝိပသနာရှုသင့်သည့်တ၇ားမဟုတ်သဖြင့် ဥပါဒါနက္ခန္ဓ္စာ ၌ ထည့်သွင်းခြင်းမပြုဟု နားလည်ထားပါသည်အရှင်ဘုရား။သို့ဖြစ်ပါသောကြာင့် တပည့်တော်တို့ သင်ကြားမှတ်သားထားသည်များနှင့် အဆိုပါပုဂ္ဂိုလ်၏ ဟောပြောချက်များကွာပြားနေသည်ဟု ယူဆမိပါသဖြင့် ရှင်းလင်းဟောကြားပေးပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် အရှင်ဘုရား။

(ဖြေ) ။ ။ အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုရင် စာထဲမှာပါတဲ့၊ သင်ထားတဲ့အတိုင်းက အမှန်ပါ။ ခုနက ပြောတဲ့ပုဂ္ဂိုလ်ကရုပ်နဲ့နာမ် မကွဲတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်။ မဂ်ဖိုလ်ကို စိတ်မဟုတ်ဘူးလို့ ပြောကထဲက စိတ် (၈၉) ပါးမှာ မဂ်ဖိုလ်ပါနေတယ်ဆိုတာ သိနေတာပဲ။ ဒီစိတ်က သာမန်စိတ်တော့ မဟုတ်ဘူးပေါ့။ လေ့ကျင့်ယူလို့ ၀ိပသနာအသိဥာဏ်တွေဖြစ်ပြိးတဲ့နောက်မှာ ( attainment ) “အောင်မြင်စွာရယူခြင်း” ခေါ်တာပေါ့။ အဲဒိသဘောလေးတွေတောင်မှ မသိပဲနဲ့နိဗ္ဗာန်ကို တက်ပြိးတော့ကိုင်တယ်ဆိုတော့ တော်တော့်ကို သတ္တိကာင်းတယ်လို့ ဆိုရမှာပေါ့နော်။အဲဒီတော့ ကိုယ်သိထားတဲ့၊ ကိုယ်သင်ထားတဲ့ စာဟာ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ ဒိပြင်လောကကြီးမှာ မမှန်မကန်တွေပြောနေတာတွေ တစ်ပုံကြီးပါ။ အဲဒါကြောင့်မို့ သိအောင်သင်ကြားဖို့ သိပ်အရေးကြီးတယ်။ မရှင်းသေးရင် ထပ်ပြီးတော့မေးဖို့ က လိုအပ်ပါတယ်။ ဒိတင်မကဘူး Buddhism ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ စာအုပ်တွေရေးကြတယ်။နိုင်ငံတကာမှာ။ နာမည်ကတော့ Buddhism ပဲ။ ဒါပေမဲ့ သူ့ အာဘော်တွေ၊ သူရေးချင်တာတွေ ရေးတယ်ပေါ့။Buddhism မဟုတ်ဘူး။ ဟိုတလောက မလေးရှား၊ စင်ကာပူ သွားတော့ စင်ကာပူက ဒကာတွေက Internet ကနေထုတ်ပြီးတော့ ဆောင်းပါးတစ်ပုဒ်ထုတ်ပြတယ်။ မလေးရှားဘုန်းကြီးတစ်ပါးက အင်တာနက်မှာတင်ထားတာ။သူ့ဆောင်းပါးထဲမှာ ဘာပါတုံး ဆိုရင် သောတာပန် သကဒါဂမ် မဖြစ်ပဲနဲ့ အနာဂါမ်ကို ခုန်ကျော်ပြီးဖြစ်တာ အထောက်အထားရှိတယ်ဆိုပြီး ရေးထားတယ်။ အဲဒီတော့ နောက်ကနေ ဘွဲ့ထူးတွေ တက်လို့ရှိရင် လေးတန်းကလေးတန်းကနေ စပြီးတက်ရမယ်နော်။ နို့မို့ဆိုရင် ခုန်ပြိးတော့ သွားတယ်လို့ ထင်နေလိမ့်မယ်။ (ရယ်သံများ) သူက
ဥဂ္ဂသုတ် ကိုထောက်ပြီးတော့ ဥဂ္ဂဥပသကာက သူဟာ အနာဂါမ်ပါလို့ ပြောတာ။ သူက သောတာပန် မဖြစ်ဘူး ၊သကဒါဂါမ် မဖြစ်ဘူးလို့ အဲဒါကို အထောက်အထားယူတယ်။ အဲဒါအဓိပ္ပါယ် မရှိတာမျိုးပေါ့။
လူတစ်ယောက်ရဲ့ ထင်မြင် ယူဆချက်တွေကို တရားတော်တွေထဲလာရေးပြီး ညစ်ထေးမှု ( pollution) ဖြစ်အောင်မလုပ်ထိုက်ဘူး။ ကိုယ့်ရဲ့ အယူအဆတွေနဲ့ ဗုဒ္ဓရဲ့ အစစ်အမှန်တွေ စာပေကလာတဲ့ အစစ်အမှန်တရားတွေကိုpollution ဖြစ်အောင် မလုပ်ထိုက်ဘူး။ ဒါက Dhamma pollution ပဲ။ Air pollution က ကျန်းမာရေးကိုထိခိုက်စေသလို Dhamma pollution က အသိဥာဏ်ကိုထိခိုက်စေတယ်။ နိဗ္ဗာန်လမ်းကြောင်းကို ဝေေ၀၀ါးဝါးဖြစ်သွားစေနိုင်တယ်ပေါ့။ အဘိဓမ္မတ္ထ္ထ္ထ္မသင်္ဂဟကျမ်းမှာ သင်ထားတဲ့အတိုင်း နိဗ္ဗာန်ဆိုသည်မှာ “လောကုတ္တရာသင်္ခါတံ”လောကမှ ထွက်မြောက်သွားတဲ့ တရားတစ်ခု။ “စတုမဂ္ဂ ဥာဏေန သစ္ဆိကာတဗ္ဗံ” မဂ်လေးပါးဥာဏ်နဲ့သာ သိနိုင်တယ်။
သာမန်ဥာဏ်နဲ့ကျတော့ မှန်းဆပြိးတော့ သိရတယ်။ “စတုမဂ္ဂ ဥာဏေန သစ္ဆိကာတဗ္ဗံ” ဒါလေးမှတ်ထားဖို့ပါ။နိဗ္ဗာန်ကို ရုပ်နာမ်နဲ့ မသိနိုင်ဘူးဆိုတော့ ရုပ်နဲ့ မသိနိုင်တာတော့ဟုတ်တယ်။ နာမ်ဆိုတဲ့စကားက နိဗ္ဗာန်ကိုတောင်မှပဲ တစ်ခါတစ်ရံ နာမ်လို့ သုံးတယ်လေ။ ဘာဖြစ်လို့ နာမ်လို့ သုံးတာလည်းဆိုတော့ နာမရဲ့ အဓိပ္ပါယ်ကိုက ညွှတ်ကိုင်းခြင်းလို့ အဓိပ္ပါယ်ရတယ်။ ညွှတ်ကိုင်းခြင်းနဲ့ ညွတ်ကိုင်းစေခြင်း။ နိဗ္ဗာန်သည် မဂ်ဖိုလ်စိတ်တွေကို သူ့ဆီညွတ်ကိုင်းစေလို့နာမ်လို့ခေါ်တာ။ မဂ်ဖိုလ်စိတ်တွေကလည်း နိဗ္ဗာန်အာရုံကို ညွတ်ကိုင်းတာ။ သူ့ရှုထောင့်နဲ့ သူ သုံးထားတဲ့ စကားလုံး။
ဒီစကားလုံးတောင် မှန်အောင် မသုံးနိုင်ဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းကဘာလဲ၊ ပြောချင်လို့ ပြောနေတာမျို့းဖြစ်သွားပြီ။ စာနဲ့ ပေနဲ့ ပြောတာမျိုး မဟုတ်ဘူး။ ဒါကြောင့် ဒါတွေက သိပ်ပြီး ဂရုစိုက်စရာတော့ မလိုပါဘူး။လောကမှာ ဒီလို ထင်ရာမြင်ရာ ပြောတတ်တဲ့ လူတွေ အများကြီး ရှိတယ်။ အဲတော့ ထင်ရာမြင်ရာပြောတတ်တဲ့အထဲကကိုယ်က အမှန်သိဖို့တော့ ကျိုးစားရမယ်ပေါ့။ အမှန်သိဖို့ ကြိုးစားတယ်ဆိုတာ နိဗ္ဗာန်ရဲ့ အကြောင်းရေးထားတဲ့အထဲကနေပြိးတကယ့်ကို နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ နိဗ္ဗာန်နဲ့ပတ်သက်လာလိုရှိရင် တစ်ချို့ပြသနာတွေက metafortically ရေးထား
တာမျိုးတွေရှိတယ်။ အဲတော့ ကိုယ်သိရမှာတော့ မြတ်စွာဘုရားဟောထားတဲ့ ဓမ္မစကြာတရားပဲ အလေးထားကြည့်။ဘုန်းကြီးတို့ မြန်မာပြည်မှာ မြတ်ဗုဒ္ဓဒေသနာ ဆိုတဲ့အမည်နဲ့ ဘာသာပြန်ထားတဲ့ သီဟို၌က ဒေါက်တာဝါပိုလာ ဆိုတဲ့ ရဟန်းတစ်ပါး ရေးထားတဲ့ What Buddha Taught ဆိုတဲ့ စာအုပ်ရှိတယ်။ အဲဒီစာအုပ်မှာ နိဗ္ဗာန်ကို စကားလုံးအားဖြင့်ဖော်ပြခြင်းငှာ မစွမ်းနိုင်ဘူးဆိုတဲ့ အသုံးကို သူရေးထားတယ်။ ဒါဘာကို follow (တန်ရာ) လိုက်ထားသလဲဆိုတော့Hinduism က စကားလုံးကို Follow လိုက်ထားတာ။ Hinduism က ဗြဟ္မာဆိုတဲ့ စကားလုံးကို ဖော်ပြခြင်းငှာ မစွမ်းနိုင်ဘူးလို့ဆိုတဲ့ အသုံးလေးရှိတယ်။ အဲဒီ နောက် ယောင်ပြီးတော့ လိုက်ထားတာ။ အဲဒီတော့ စာအုပ်အကုန်လုံးကို မှတ်ဖို့တော့ မကောင်းဘူးပေါ့။ အသိတရားနဲ့ဖတ်ရှုဖို့တော့လိုတာပေါ့။ မြန်မာပြည်မှာလည်း ရေးထားတဲ့ စာအုပ်တွေရှိတယ်။ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ ဆိုတာ။တကယ်ကတော့ ဗုဒ္ဓကတော့ ဟုတ်ပါတယ်။ ဗုဒ္ဓ၀ါဒဆိုပြီး ရေးတော့ ငါ့ ၀ါဒဖြစ်နေတယ်။ ဗုဒ္ဓနှင့် ငါ့ဝါဒဆိုလျှင်တော့ကောင်းမှာပေါ့။ တစ်ချို့က ကိုယ်ကြိုက်တာ ကိုယ်တင်ပြသွားတာလေ။ ကိုယ့်အထင် ကိုယ့်အမြင်တွေနဲ့။ တရားဟောတဲ့အခါမှာလည်း အတူတူပဲ။ ဘုန်းကြီးတွေလည်း သတိထားရမှာပေါ့။ အချို့က ကိုယ့်ဝါဒ ထည့်ပြောသွားတယ်။စာထဲပေထဲက ၀ါဒမဟုတ်ဘူး။
အဲဒါလည်း သာမန်ပုဂ္ဂိုလ်တွေ မသိဘူးပေါ့။ အပြောကောင်းတော့ ပြောတဲ့အထဲ ဟုတ်နိုးနိုး ဖြစ်သွားတတ်တယ်။အဲဒါကြောင့်မို့လို့ အခုလိုသင်တန်းမျိုးတွေရှိတာ သိပ်ကောင်းတယ်နော်။ ဆရာမကြီးတွေကိုလည်း ကျေးဇူးတင်စရာသိပ်ကောင်းတယ်။ဘာဖြစ်လို့လည်းဆိုတော့ တကယ့်ထေရ၀ါဒ Tradition အရ အစဉ်အလာကနေ လာခဲ့တဲ့စာပေအတိုင်း သင်ကြားလေ့လာတာ အလွန်
ကောင်းတယ်။ ဒါတောင် interpretation problem (အဓိပ္ပါယ်ကောက်ယူမှု ပြသနာ) ဆိုတာ ဖြစ်လာနိုင်မယ်လေ။ ဘာသာပြန်တဲ့နေရာမှာပြသနာရှိသေးတယ်။ ဒီမူရင်းကျမ်းသင်တာတောင်မှ ပြသနာရှိလာသေးတယ်။ ခုနကလို အပေါ်ယံကစာတွေ သူကြိုက်လို့ သူရေးကိုယ်ကြိုက်လို့ ကိုယ်ရေးတဲ့စာတွေ ဖတ်မယ်ဆိုလျှင် ပိုပြီး ပြသနာတက်နိုင်တယ်။ ရှုပ်ထွေးသွားပြီး နောက်ဆုံးမှာတော့ ဆည်ကြီးလိုပေါ့။ဆည်ကြိးမှာ ဟိုနားက ပေါက် ဖာလိုက် ဒီနားကပေါက် ဖာလိုက် ဆိုတော့ နောက်ဆုံးကျတော့ မြေကြီးမရှိတော့ဘူး။အသစ်တွေချည်းဖြစ်သွားတယ်။ အဲဒါမျိုးလိုပဲ မြတ်စွာဘုရားရဲ့ တရားစစ် တရားမှန်တွေဟာ နောက်ဆုံးကျတော့ ကွယ်သွားမယ်။ဟိုလူကတစ်မျို ဒီလူကတစ်မျိုးတင်ပြလိုက်နဲ့ ။ မူရင်းအတိုင်း လေ့လာလိုက်စားဖို့ အင်မတန်မှအရေးကြီးပါတယ်။နိဗ္ဗာန်ဆိုတဲ့သဘောကို အကျဉ်းချုပ်မှတ်ချင်ရင် ဓမ္မစကြာအတိုင်းမှတ်တာ အကောင်းဆုံးပဲ။ဓမ္မစကြာကဘာတုန်းဆိုလို့ရှိရင် ဒုက္ခ၊ ဒုက္ခနိယောဓာ။ ဒုက္ခနိယောဓာလို့ ဗုဒ္ဓက နိဗ္ဗာန်ကို နာမည်တပ်ခဲ့တာပဲလေ။ ဒုက္ခဆိုတာ ဘာတွေတုန်းဆိုရင် ဖာတိပိဒုက္ခ ဇရာပိဒုက္ခာ၊ ဗျာတိပိ ဒုက္ခော၊ ဒုက္ခသရုပ်တွေ ထုတ်ပေးခဲ့တာပဲ။နောက်ဆုံးမှာ သံခိတ္တေန ပဉ္စုပ္ပါဒါနက္ခန္ဓာပိဒုက္ခာတဲ့။ ကိုယ်ရထားတဲ့
ခန္ဓာကြီးအထိ ဒုက္ခတဲ့ အဲဒါတွေငြိမ်းသွားတာနိဗ္ဗာန် လို့ဆိုတော့ ရှင်းသွားပြီပဲ။ “ယောတသယေ၀တဏှာယ အသေသ ၀ိရာဂ နိရေဓာ”ဆိုတာ အကြောင်းကိုဟောထားတာ။ တဏှာငြိမ်းမှ ဒုက္ခငြိမ်းတယ်။ နာမည်ပေးထဲက ဒုက္ခနိယောဓ တဲ့။ ရှင်းပြတဲ့အခါ တဏှာနိယောဓနဲ့ရှင်းပြတယ်။ဘာကြောင့်လည်း။ အကြောင်းတရားမို့ ။ မြတ်စွာဘုရားတွေက အကျိုးတရားပေါ်မှာ အလုပ်မလုပ်ဘူး။ အကြောင်းတရားပေါ်မှာပဲ အလုပ်လုပ်တယ်။ဒါကြောင့်မို့ အကြောင်းကိုကြည့်ပြီးတော့ ခုနက အနာဂတံသဥာဏ်ဆိုတာ အကြောင်းကိုကြည့်ပြီး အကျိုးကိုဆုံးဖြတ်တာ။ ဒါ အနုမာနခေါ်တယ်။
ဒီအကြောင်းဟာ လုံလောက်တဲ့အကြောင်းဆိုလျှင် ဒီအကျိုးကိုသေချာရမှာဆိုတော့ ဘုရားက သေချာပြောလို့ရတယ်။ သေချာပြောနိုင်တာပေါ့။အဲဒိတော့ မြတ်စွာဘုရားက နိဗ္ဗာန်လို့ ပြောတဲ့အခါမှာ အကျိုးရဲ့ချုပ်ငြိမ်းမှု၊ ဒုက္ခနိယောဓဆိုတဲ့ နာမည်နဲ့ နိဗ္ဗာန်ကိုဖော်ပြပြီးတဲ့အခါကျတော့
ထို ဒုက္ခနိယောဓသည် “တဏှာနိယောဓဖြစ်မှာဖြစ်သောကြောင့် “ ယောတသာယေ၀ တဏှာယ အသေသ၀ရာဂ နိယောဓ” အကြွင်းအကျန်မရှိအောင်ချုပ်ငြိမ်းဖို့လိုတာပေါ့။ နောက်ဆုံးတော့ အကြွင်းအကျန်မရှိဘူးဆိုတာ ကိုယ်ရထားတဲ့တရားလေးအပေါ်မှာ တွယ်နေသေးရင် “ဓမ္မရာဂ ဓမ္မနန္ဒီ”
တယ်။ မရသေးဘူး အဲဒါဆိုလျှင် ။ အချို့ယောဂီပုဂ္ဂိုလ်တွေဆိုရင် တရားအားထုတ်လို့ကောင်းပြီဆိုလျှင် သူ့သမာဓိလေးကိုသဘောကျနေတယ်ဒါတွယ်တာတာပဲ။ အဲဒီအတွယ်လေးရှိလို့ အထက်ကိုတက်လို့မရသေးဘူး။ နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရသေးဘူး။ အတွယ်တွေအားလုံးပျက်သွားမှ
ဒါကြောင့်မို့ မြတ်စွာဘုရားကဟောတာ။အဓမ္မကိုမပြောနဲ့ ဓမ္မကိုတောင် မတွယ်ရဘူးတဲ့။ ခုခေတ်က အများစုက ဘာတုန်းဆိုရင် အဓမ္မကိုတွယ်တာနေတာ။ ဓမ္မကိုတွယ်တာနေတာမဟုတ်ဘူး။ အဲတော့ မြတ်စွာဘုရားက အဓမ္မကိုပယ်ခိုင်းတယ်။ ဓမ္မအပေါ်မှာ တွယ်တာကိုလည်း ပယ်ခိုင်းတယ်။
ဒါကြောင့်မို့ ဓမ္မကို မြတ်စွာဘုရားက “ နိသရကတ္ထ” တဲ့။ ဖောင်ကြီးနဲ့ ပမာပေးပြိးဟောထားတာရှိတယ်လေ။ မဇ်ၥိမနိကာယ္မွာ။ဖောင်ဆိုတာ ဘာလုပ်ဖို့တုံးဆိုရင် မြစ်ပင်လယ်ကြီးကိုပဲ ဖြတ်ကူးဖို့ အသုံးချတာ။ ဓမ္မကလည်း ဘာအတါက်အသုံးချတာလည်း။သံသရာပင်လယ်ကြီးကိုပဲဖြတ်ကူးဖို့ အသုံးချတာ။ ဟိုဘက်ကမ်းရောက်သွားရင် မလိုတော့ဘူး။ ဟိုဘက်ကမ်းရောက်သွားပြီးမှ ဒီဖောင်ကြီး ငါထမ်းသွားမှပဲဆိုရင်မဟုတ်တော့ဘူး။ စွဲလမ်းသေးရင် မဟုတ်တော့ဘူး။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဓမ္မကိုတောင် ငါကပယ်ဖို့ ဟောတာတဲ့။ အဓမ္မဆိုရင်တော့ မပြောနဲ့တော့တဲ့။ ကျင့်သုံးလိုက်နာ။ ကိစ္စပြီးရင် ဒီဓမ္မအပေါ်မှာ တွယ်ထားစရာမလိုတော့ဘူး။ ဖောင်နဲ့ဥပမာပေးထားတယ်။ ဖောင်ဟာဖြတ်ကူးပြီးလို့ရှိရင်“ သြော်ငါဒီိဖောင်ကြီးကြောင့် ဒီဘက်ကမ်းရောက်လာရပြီ” လို့ ဒီလောက်ပဲပြောပြိးသွားတော့။ ကိုယ်သွားချင်တဲ့ဆီ။ ဒီဖောင်ကြီးနားပဲ ကြည့်နေပြီးတော့သိမ်းနေစရာမလိုတော့ဘူးလို့ ပြောတာ။ အဲဒါကြောင့်မို့လို့ နိဗ္ဗာန်ဆိုတဲ့တရားဟာ အလွန် သိမ်မွေ့တယ်။ ကိုယ်တိုင်မျက်မှောက်ပြုမှ သိမယ်။
အဲဒါကြောင့်မို့ သာမန်ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်တိုင်လည်း နိဗ္ဗာန်ကို မျက်မှောက်မပြုပဲနဲ့ မရောက်ဘူးပဲနဲ့ နိဗ္ဗာန်အကြောင်းကို တပ်ပြီးတော့ပြောတယ်ဆိုတာ သိပ်ပြီးတော့ မြင့်လွန်းအားကြီးပါတယ်နော်။

( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓ္မာသင်တန်းသားများ၏ အမေးအဖြေစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။ )

Credit to Ko Aye Naing
နှလုံးသားအာဟာရ

0 comments:

Post a Comment