Wednesday, September 23, 2015

ရုပ်ရှင် အကြိုခံစားခြင်း - HUSH [CHUNG CU' MA]


-ဒီနေ့အတွက်တော့ ပရိသတ်တွေ အပြောင်းအလဲလေးဖြစ်အောင် သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားပြီး ကြည့်ရမယ့် ဗီယက်နမ်ဇာတ်လမ်း တစ်ပုဒ်အကြောင်း ဖော်ပြပေး လိုက်ပါတယ်။ သရဲကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေ မလွတ် တမ်းကြည့်သင့်တယ်လို့ဆိုထား တာမို့ ပရိသတ်တွေအကြိုခံစား ရင်း သဘောကျမယ် ထင်ပါ တယ်။စုံထောက်ဝတ္ထု စာရေး ဆရာမ လန်ဟာ ခင်ပွန်းဖြစ်သူ အိမ်ထောင်ရေး ဖောက်ပြန်နေ တာကို သည်းမခံနိုင်တော့တဲ့ အဆုံး (၅)နှစ်အရွယ်သားလေး ဘီကိုခေါ်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့ပါတယ်။

လန်တို့သားအမိဟာ တိုက် ခန်းသစ်တစ်ခုကို ပြောင်းရွှေ့နေ ထိုင်ခဲ့ကြပြီး အဲဒီတိုက်ခန်းမှာ စာရေးဆရာမလန်ရဲ့ ပရိသတ် ဖြစ်တဲ့ တေးရေး ဆရာ၊ အဆို တော် ဗူနဲ့ သိကျွမ်းခဲ့ပါတယ်။ နေ ရာသစ်ကိုပြောင်းလာတဲ့ လန်တို့ သားအမိဟာ ရက်ပိုင်းအတွင်းမှာ ပဲ အထူးအဆန်းအခြေအနေတွေ နဲ့ စတင်ကြုံတွေ့ခဲ့ပါတော့တယ်။

တိုက်ခန်းမန်နေဂျာက အနီ ရောင်ဂီတသေတ္တာလေးပေးခဲ့ပြီး နောက်ပိုင်းမှာ တစ်စုံတစ်ရာက ခြောက်လှန့်နေသလိုမျိုး လန်ခံ စားနေရကာ ဒုက္ခတွေပတ်ချာ လည်ဝိုင်းတဲ့အနေအထားဖြစ်လာ ခဲ့ပါတယ်။

အဲဒီသေတ္တာနီလေးကို လန်ရဲ့သားက ဖွင့်လိုက်ပြီး နောက်ပိုင်းမှာ ထူးခြားတဲ့ဂီတသံနဲ့အတူ ဘီဟာလည်း ထူးခြားတဲ့အပြုအမူ တွေလုပ်လာကာ သူတစ်ယောက် တည်း မကြာခဏမြင်နေတဲ့ အနီ ရောင်ဝတ်စုံနဲ့ အမျိုးသမီးပုံကိုဆွဲ ပြီး သူ့အမေကိုပြခဲ့ပါတယ်။

ထူးခြားမှုတွေရှိနေတဲ့ အနီရောင်ဂီတသေတ္တာလေးရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်း အရာတွေရှိနေလဲ၊ အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးက ဘယ်သူလဲဆို တာကို လန်ဟာ ဗူနဲ့ပေါင်းပြီး စုံစမ်းခဲ့ပါတော့တယ်။ ထိတ်လန့်စရာ ဇာတ်လမ်းတွေရဲ့ ထုံးစံအ တိုင်း ပြကွက်တွေ၊ အသံတွေကြောင့် ကျောချမ်းစရာဖြစ်နေပြီး ဇာတ်ကွက်အနေအထားအရ ဘယ်လို အဆုံးသတ်မလဲဆိုတာ မှန်းလို့မရတာကြောင့် လန်တို့သားအမိ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။ ။

7Day Daily

0 comments:

Post a Comment