Wednesday, September 30, 2015

ဟက်ဂ်ျပွဲတော် အဖြစ်ဆိုးကြောင့် သေဆုံးသူ ၄ဝဝဝ ကျော်လာပြီ ဖြစ်ကြောင်း ဆော်ဒီ ထုတ်ပြန်


မကြာသေးမီက ဖြစ်ပွားခဲ့သော ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ပြုလုပ်သည့် ဟက်ဂ်ျ ဘာသာရေး ပွဲတော်အတွင်း လူအုပ်ပိမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၁၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဆော်ဒီအစိုးရ တာဝန်ရှိသူများက ထုတ်ပြန် ကြေညာထားသည်။ ယင်းဖြစ် ရပ်အတွင်း သေဆုံးသူ စုစုပေါင်း ၄၁၇၃ ဦးအထိရှိလာကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဟာမတ်ဘင်မူဟာမတ်အယ်လ်ဒူဝေလာက စက်တင်ဘာ ၂၉ ရက်တွင် အတည်ပြု ပြောကြားထားခြင်းဖြစ်သည်။ ထို့ပြင် ပွဲတော်အတွင်း အပူငွေ့ထုတ်လွှတ်မှုနှင့် အတူ အသက်ရှူကျပ်ခြင်းကြောင့် သေဆုံးသူ အရေအတွက် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက အခိုင်အမာ ပြောကြားထားသည်။ ယင်းသေဆုံးသူများတွင် အီရန်နိုင်ငံသား ၂၃၉ ဦးပါဝင်ပြီး ၁၄ ဦး ဒဏ်ရာရရှိကာ ၂၄၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အီရန်ဟက်ဂ်ျပွဲတော်နှင့် ဘုရားဖူးပို့ဆောင်ရေးအဖွဲ့ အကြီးအကဲ ဆာအိဒ်အိုဟာဒီ က ပြောကြားထားကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment