Sunday, September 27, 2015

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ၁၉ ဘီလီယံတန် မူးယစ်ဆေးများ ထပ်မိပြန်

မူးယစ်ဆေးဝါးအများအပြားတွေ့ရှိခဲ့သည့် တက္ကသိုလ်ရိပ်မွန်အိမ်ရာအတွင်းရှိ နေအိမ် (ဓာတ်ပုံ − ဖိုးတုတ်)

ဒဂုံမြို့သစ် (အရှေ့ပိုင်း)အမှတ် (၁၁၀) ရပ်ကွက် တက္ကသိုလ်ရိပ်မွန်အိမ်ရာ အင်ကြင်းလမ်း အိမ်အမှတ် (၇) တွင် ကျပ်ငွေ ၁၉ ဘီလီယံတန်ကြေးရှိ စိတ်ကြွမူးယစ်ဆေးပြားနှင့် အိုက်စ်များထပ်မံဖမ်းဆီးရမိခဲ့ပြီး ယခင်ဖမ်းဆီးရမိခဲ့သည့် စံချိန်တင် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုရှိကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၂၆ ရက် နံနက် တွင် သတင်းရရှိချက်အရ အဆိုပါနေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး စိတ်ကြွမူးယစ်ဆေးပြား ၃၈ သိန်းနှင့် အိုက်စ် ၃၅၀ ဂရမ် (ကာလတန်ဖိုးကျပ် ၁၉ ဘီလီယံကျော်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်သိန်းက ပြောသည်။

‘‘ပစ္စည်းတွကတော့ စစ်နေ တုန်းပါ။ ခေါက်ဆွဲခြောက်ထုပ် ဘူးတွေထဲမှာလည်း တွေ့တယ်။ ချောကလက်ဘူးတွေနဲ့ ထည့်ပြီး ထုပ်ထားတာတွေလည်း ရှိတယ်။ မနက်ကတည်းက ၀င်ဖမ်းပြီး ပစ္စည်းတွေ စစ်နေတာ အခုည ၈ နာရီကျော်ပြီ။ တရားခံအမျိုးသားနှစ်ဦးလည်း ရထားပါတယ်’’ဟု ဖမ်းဆီးရေးတွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီး ရာတွင် Kaladan Delta Develo-pment ကုမ္ပဏီမန်နေဂျင်းဒါရိုက် တာ ဦးမင်းဦးခိုင်၏ ထွက်ဆိုချက် ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ် အမှတ် (၁၁၀) ရပ်ကွက် တက္က သိုလ်ရိပ်မွန်အိမ်ရာ အင်ကြင်း လမ်းရှိ အိမ်အမှတ် (၇) သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ဒုတိယတိုင်းရဲမှူးကြီး ၀င်းဗိုလ် က ပြောသည်။

‘‘စံချိန်တင်ဖမ်းမိတဲ့ မူးယစ် ဆေးဝါးအမှုက ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ တရားခံ မင်းဦးခိုင်ရဲ့ ထွက်ဆို ချက်အရ ဒီနေ့သူတို့ကုမ္ပဏီနဲ့ ဆက်နွှယ်သူတွေနေတဲ့ အိမ်ကို ၀င်စစ်ဆေးခဲ့တာပါ။ ဒီနေ့ ဖမ်းဆီး ရမိခဲ့တဲ့အထဲမှာတော့ မူးယစ် ပစ္စည်းတွေနဲ့အတူ အမျိုးသားနှစ် ဦးပါမိတယ်’’ဟု ဒုတိယတိုင်းရဲမှူး ကြီး ၀င်းဗိုလ်က ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၁) ရပ်ကွက် ဂန္ဓမာလမ်းရှိ အိမ်အမှတ်(၇) တွင် စိတ်ကြွဆေးပြားတစ်သန်း ကိုးသိန်းကျော်နှင့် ဖန်စီဒိုင်းပုလင်း ငါးရာကျော်၊ စက်တင်ဘာ ၂၁ ရက်တွင် ကျပ်ငွေ ၁၀ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီး ရမိခဲ့ပြီးနောက် ထပ်မံဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းတွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီးနောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) ၌ ၁ဒသမ၅သန်းနှင့် သာကေတမြို့နယ်တွင် ငါးသိန်းကိုးသောင်းကိုးထောင်ဖမ်းဆီးရမိခဲ့ပြန်သည်။ ထို့ပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် စိတ်ကြွဆေးပြားများ ၁ဒသမ၉သန်းကျော်၊ မရမ်းကုန်းမြို့နယ်တွင် ဆေးပြားခြောက်သောင်းကျော်နှင့် ယခုမူးယစ်ဆေးများ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

7Day Daily

0 comments:

Post a Comment