Sunday, September 27, 2015

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ထမ်းများ လကုန်လျှင် လစာရမည် မဟုတ်


အမေရိကန် ကွန်ဂရက်စ်တွင် ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် အသုံးစရိတ်နှင့် ပတ်သက်၍ ဆွေးနွေးမှု မပြီးပြတ်သေး သောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း သန်းပေါင်းများစွာသည် လကုန်လျှင် လခရရှိဦးမည် မဟုတ်ကြောင်း ပင်တဂွန် အရာရှိများက ထုတ်ပြန် ပြောဆိုခဲ့သည်။
ဥပဒေ အမတ်များသည် အသုံးစရိတ်နှင့် ပတ်သက်၍ ဆွေးနွေး နေကြသော်လည်း ပါတီနိုင်ငံရေး ကွဲပြားမှုများကြောင့် ရလဒ်ထွက်ပေါ်ခြင်း မရှိသေးချေ။ ကွန်ဂရက်စ်သည် အသုံးစရိတ်နှင့် ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့ပါက အမေရိကန် အစိုးရသည် နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် လည်ပတ်မှု ရပ်ဆိုင်းဦးမည် ဖြစ်သည်။ အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်သားများသည် လစာမရရှိသော်လည်း အလုပ်ကိုမူ ဆင်းကြရမည် ဖြစ်သည်။ အမေရိကန်စစ်သား (၁ ဒသမ ၃) သန်းနှင့် ၀န်ထမ်း (၇၄၂၀၀၀) တို့ လစာရရှိမည် မဟုတ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မသေချာသော အခြေအနေများကြောင့် ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ထမ်းများ အကျပ်ရိုက် တော့မည်ဖြစ်ကြောင်း ဒုတိယ ကာကွယ်ရေး ၀န်ကြီး ရောဘတ်ဝေါ့ခ်က ပြောဆိုခဲ့သည်။

လွှတ်တော် အမတ်များ၏ သဘောတူညီမှု မရရှိခြင်းကြောင့် ၀န်ထမ်းများ လစာမရရှိသည်ကို မမြင်တွေ့လိုကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောဆိုခဲ့သည်။


Source:UPI
Messenger News Journal

0 comments:

Post a Comment