Friday, September 25, 2015

မိုးကုတ်မှတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းနှစ်ဦးကို ဒီချုပ်ပါတီပုံရိပ်အသုံးပြုမဲဆွယ်သည်ဟုဆိုကာ ကော်မရှင်သို့တိုင်ကြား

မိုးကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်  မဲဆန္ဒနယ်မြေများ တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ကြမည့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းနှစ်ဦးသည် အ မျိုးသားဒီမိုကရေစီအဖွဲ့ ပုံရိပ်များကိုအသုံးပြုကာ မဲဆွယ်နေသည့် အတွက် အရေးယူတားမြစ်ပေး ရန် မြို့နယ် ရွေးကောက်ပွဲကော်မ ရှင်သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။


ဒီချုပ်ပါတီဝင်ဟောင်းများ ဖြစ်သည့် တစ်သီးပုဂ္ဂလ ကိုယ် စားလှယ်လောင်း နှစ်ဦးသည် ၎င်း  တို့လက်ကမ်းကြော်ငြာရိုက်နှိပ် ရာတွင် ပါတီဝင်အဖြစ် အမှန်တ ကယ်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလထက် ပိုမိုဖော်ပြထားခြင်း နှင့် ပါတီရုံးပိတ်ကာ ဆိုင်းဘုတ် ဖြုတ်သိမ်းရန် ညွှန်ကြားထား သည်ကို မလိုက်နာဘဲ မဲဆွယ်မှု များပြုလုပ်နေ၍ တားမြစ်အရေး ယူပေးရန် ကော်မရှင်သို့ တိုင် ကြားခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိုးကုတ်မြို့ နယ်အတွင်းရေးမှူး ဦးစိန်ဝင်းက ပြောသည်။

‘‘ပါတီပုံရိပ်ကို အသုံးချပြီး တစ်သီးပုဂ္ဂလအဖြစ် မဲဆွယ်စည်း ရုံးတာဟာ တရားမဲ့ပြုကျင့်မှုပုံစံ မျိုးဖြစ်နေလို့ တားမြစ်ပေးဖို့ ကော်မရှင်ကို တိုင်ကြားတာဖြစ်ပါ တယ်’’ဟု ဦးစိန်ဝင်းက ဆိုသည်။


မိုးကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မြေတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာဝင်းရှိန်သည် ပါ တီရုံးပိတ်သိမ်းရန်နှင့် ဆိုင်းဘုတ်ဖြုတ်သိမ်းရန် အကြောင်းကြား သည်ကို လိုက်နာပိတ်သိမ်းခြင်း မရှိဘဲ မဲဆွယ်ခဲ့ပြီး တိုင်းဒေသ ကြီး လွှတ်တော်မဲဆန္ဒနယ်မြေ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးစိန်မြင့်သည်လည်း ၎င်းသည် ဒီချုပ်ပါတီ၏ မိုးကုတ်မြို့ အ နောက်ပိုင်း အတွင်းရေးမှူးအဖြစ် ၂၀၁၅ သြဂုတ်အထိ တာဝန်ထမ်း ဆောင်ခဲ့ကြောင်း လက်ကမ်းစာ ရွက်တွင် ရိုက်နှိပ်မဲဆွယ်နေ၍ တားမြစ်အရေးယူပေးရန် တိုင်ကြား ခြင်းဖြစ်သည်ဟု အတွင်းရေးမှူး ဦးစိန်ဝင်းက ဆိုသည်။

ပါတီကိစ္စနှင့် ပတ်သက်၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းနှစ်ဦးကို တားမြစ်အရေး ယူပေးရန် ဒီချုပ်ပါတီက တိုင်ကြားခြင်းဖြစ်ပြီး ကော်မရှင်က တိုင်ကြားခံရသူ နှစ်ဦးကို ခေါ်ယူတွေ့ ဆုံညှိနှိုင်းပေးခဲ့သည်ဟု မိုးကုတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြော သည်။ ကိုယ်စားလှယ်လောင်း နှစ်ဦးကလည်း အမှားဝန်ခံကာ ပြန်လည် ပြင်ဆင်မည်ဖြစ်ကြောင်း ကတိပေးသည်ဟု ဦးမောင်မောင် က ဆိုသည်။

‘‘အခု ပြေလည်သွားပါပြီ။ အကျယ်အကျယ်တွေ ဖြစ်မလာ အောင်၊ တိုင်ကြားခံရတဲ့သူတွေ ဘက်ကို ခေါ်ပြီး သဘောပေါက် အောင် ပြောပြညှိနှိုင်းပေးလိုက် တယ်။ ပါတီဘက်ကိုလည်း ခေါ် ပြောလိုက်မှာ ဖြစ်ပါတယ်။ နှစ် ဖက်စလုံးကိုတော့ ထိပ်တိုက်ခေါ်မညှိတော့ဘူး’’ဟု၎င်းက ပြောသည်။

မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ရှစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်၁၃ ဦး ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

7Day Daily

0 comments:

Post a Comment