Friday, September 25, 2015

မန်စီမြို့နယ်တွင် ပစ်ခတ်မှုများ အမြန်ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းတစ်ခုတောင်းဆို

 မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား မန်စီမြို့နယ် အတွင်း လတ်တလောဖြစ်ပွားနေ သည့် ပစ်ခတ်မှုများကို အမြန်ဆုံး ညှိနှိုင်းရပ်တန့်ပေးရန်နှင့် ပိတ်မိ အရပ်သားများ သက်ဆိုင်ရာ မိ သားစုနှင့် ပေါင်းစည်းနိုင်ရန် နှစ်ဖက်စလုံးက ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပဋိပက္ခအတွင်း အရပ်သားများအား အကာအကွယ်ပေးမှု စောင့်ကြည့်ရေးအဖွဲ့  အေးချမ်းမြန်မာအင်စတီကျုဒ့် (GDI)က သတင်းထုတ်ပြန်သည်။


အဆိုပါ စောင့်ကြည့်ရေးအ ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ် မန်စီမြို့ နယ် လိုက်ကာကျေးရွာနှင့် အနီး ၀န်းကျင်တွင် မြန်မာ့တပ်မတော် နှင့် ကေအိုင်အေတို့ ပြီးခဲ့သည့် ရက်ပိုင်းက ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိတွေ့မှုများကြောင့် လိုက် ကာ၊ ဂျေဆောန်း၊ ဇွပ်ဂျာ၊ မုန်းလူး နှင့် ကုန်းခါးပါကျေးရွာများမှ ဒေ သခံပြည်သူ ၂၁၈ ဦးသည် မိုင်းခေါင် ကျေးရွာရှိ စစ်ရှောင်စခန်းများ တွင် လာရောက်ခိုလှုံနေရကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။ အဆိုပါ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၃ ရက်က မိုင်းခေါင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ပံ့ပိုးထားသော်လည်း ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူ ထောင်ရေးကိစ္စရပ်များတွင် အရေးတကြီးပံ့ပိုးပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် ကျေးရွာများအ တွင်း အဆက်အသွယ်မရသေးဘဲ ပိတ်မိနေသော ဒေသခံ ၂၃ ဦး ကျန်ရှိနေကြောင်းလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ မြန်မာ့တပ်မ တော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်ကြား အပြန်အလှန် ပစ်ခတ်မှုများသည် ဒေသခံပြည် သူလူထု၏ ငြိမ်းချမ်းလုံခြုံစွာ အ သက်ရှင်ရပ်တည်ခွင့်ကို ထိခိုက် ပျက်ပြားစေကြောင်း GDI အမှု ဆောင်ဒါရိုက်တာ ဆလိုင်းအိုက် ဇက်ခင်က ပြောသည်။

‘‘ဒုတိယအချက်အနေနဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ဖို့အတွက် တစ်တိုင်း ပြည်လုံးက ခြိမ့်ခြိမ့်သဲသဲပြင်ဆင် ဆောင်ရွက်နေကြတဲ့ အချိန်အခါ မှာ အခုလိုမျိုးပစ်ခတ်တိုက်ခိုက်မှု ဖြစ်တဲ့ကိစ္စက NCA ရေးထိုးနိုင်ဖို့ အတွက် ပြင်ဆင်ဆောင်ရွက်မှုအ ပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ပါးကျဆင်းစေတဲ့ အခြေအ နေမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ နှစ်ဖက်တပ်များအနေနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြဖို့ လိုမယ်လို့ တင်ပြလိုခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ယခင်ငြိမ်းချမ်းရေးဆွေးနွေး ပွဲ သဘောတူညီချက်များနှင့်အညီပစ်ခတ်မှုများကို အမြန်ဆုံးညှိနှိုင်း ရပ်တန့်ပေးရန်နှင့် ပိတ်မိအရပ် သားများ မိသားစုနှင့် အမြန်ဆုံး ပေါင်းစည်းနိုင်ရန် နှစ်ဖက်စလုံးက ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC) ၊ ကချင်ငြိမ်းချမ်းရေး အ  ကျိုးဆောင်အဖွဲ့ (PCG)တို့ထံသို့ အကြောင်းကြားထားကြောင်း သ တင်းရရှိသည်။

7Day Daily

0 comments:

Post a Comment