Wednesday, September 23, 2015

EIA နှင့် အစိုးရအဖွဲ့ နေပြည်တော်၌ ယနေ့တွေ့မည်

မြန်မာ-တရုတ် နယ်စပ်မှတစ်ဆင့် မြန်မာ့သစ်များ တရုတ်နိုင်ငံသို့ ခိုးထုတ်နေမှုကို ဖွင့်ထုတ်ဖော်ပြထားသော EIA အစီရင်ခံစာမျက်နှာဖုံး (EIA)

မြန်မာနှင့် တရုတ်အ ကြား တရားမဝင်သစ်ဈေးကွက် ကို စုံစမ်းစစ်ဆေးခဲ့သော လန်ဒန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)ကို နေပြည်တော်ရှိ အစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက် (ယနေ့)၌ လက်ခံတွေ့ဆုံမည်ဟု သတင်းရရှိသည်။မြန်မာ-တရုတ် သစ်ကုန် သွယ်မှုနှင့်ပတ်သက်၍ အမြင်နှင့် အတွေ့အကြုံရှင်းလင်းဆွေးနွေး ခြင်းကို နေပြည်တော်ရှိ ဂရင်းအမ ရာဟိုတယ်တွင် ပြုလုပ်မည်ဖြစ် သည်။ အဆိုပါရှင်းလင်းပွဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက EIA အဖွဲ့နှင့် တွေ့မည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အကြားမှာဖြစ်နေတဲ့ တရားမဝင် သစ်ခိုးကုန်သွယ်ခြင်း ကိစ္စကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရ နဲ့ ၂၄ ရက်မှာ ချိန်းထားပါတယ်။ တရားမဝင်ဈေးကွက် တားဆီးဖို့ အတွက် နှစ်နိုင်ငံစလုံးကို EIA က တိုက်တွန်းသွားမှာပါ’’ဟု EIA သစ်တောရေးရာစည်းရုံးလှုံ့ဆော် ရေးအဖွဲ့ခေါင်းဆောင် မစ္စစ်ဖိတ်သ်ဒိုဟာသီက ပြောသည်။

နေပြည်တော်ရှိ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာနက ယင်းကိစ္စ နှင့် ပတ်သက်၍ တရားဝင်တုံ့ပြန် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ-တရုတ် နယ်စပ်အ ကြား တရားမဝင် သစ်ကုန်သွယ် ခြင်းလမ်းကြောင်းသည် နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိပြီဖြစ်သည်။ အဆိုပါ သစ်ကုန်သွယ်မှုသည် ၁၉၉၀ ကတည်းက စတင်ခဲ့ပြီး ၂၀၀၅ တွင် အမြင့်ဆုံးရောက်ခဲ့သည်။

၂၀၀၅ နောက်ပိုင်း နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် သစ်ကုန်သွယ်မှုကို အစဉ်တစိုက် လေ့လာခဲ့သော EIA အဖွဲ့က ၂၀၁၃ သည် ယခင် သစ်ကုန်သွယ်မှု အ မြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၅ ကုန်သွယ်မှုထက် ပိုများခဲ့သည်ဟုဆိုသည်။

‘‘နှစ်ဆလောက် ခုန်တက် သွားတာပါ။ ဒီနှုန်းအတိုင်းပဲဆက် ရှိနေသေးတယ်။ ဒီအတိုင်း ဆက် ဖြစ်နေဦးမယ်ဆိုရင် မြန်မာနိုင်ငံ မှာ တမလန်းသစ်တွေ မျိုးသုဉ်း ပျောက်ကွယ်သွားလိမ့်မယ်’’ ဟု EIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျိုးက ပြောသည်။

၂၀၀၅ တွင် တရားမဝင်သစ် ကုန်သွယ်မှု ကုဗမီတာ ၁ ဒသမ ၆ သန်းရှိခဲ့ပြီး ၂၀၁၃ တွင် ကုဗမီ တာ ၁ ဒသမ ၇ သန်းရှိခဲ့သည်။ အမေရိကန်ဒေါ်လာ ၆၂၁ သန်း ကုန်သွယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံသို့ အများဆုံးပို့သည့် သစ်များသည် သစ်နီခေါ် တမလန်းနှင့်ပိတောက်တို့ ဖြစ်ကြ သည်။

‘‘ကျွန်မတို့ မြန်မာအစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံပြောပြသလို ကျွန်မတို့ရဲ့အစီရင်ခံ စာကိုလည်း ပေးမှာပါ။ ထို့အတူ တရုတ်အစိုးရကိုလည်း အသိပေး ပြောကြားသွားမှာပါ’’ဟု မစ္စစ်ဖိတ်သ်ဒိုဟာသီက ပြောသည်။

EIA က မြန်မာနှင့် တရုတ် နယ်စပ်အကြား ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ် သည့် တရားမဝင် သစ်မှောင်ခို ဈေးကွက်အကြောင်းကို စက်တင် ဘာ ဒုတိယပတ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

EIA က ရှင်းလင်းထုတ်ပြန်ပြီးနောက် စက်တင်ဘာမှ စတင်၍ ယူနန်အစိုးရက တရားမဝင် သစ်မှောင်ခိုများကို နယ်စပ်ဖြတ် ကျော်ခွင့်မပြုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရားမဝင်သစ်များကို စက်တင်ဘာမှစ၍ ဒီဇင်ဘာကုန် အထိ ဖမ်းဆီးပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာအထိသာ ဖမ်းဆီးမည်ဟုဆိုသော အချက်ကို EIA အဖွဲ့က ကြိုဆိုလိုက်သော်လည်း ယာယီလေးလအတွင်းသာ ရပ် နားထားမည်ဖြစ်၍ ရာသက်ပန် ပိတ်ပင်တားမြစ်ရန် လိုသည်ဟု တိုက်တွန်းခဲ့သည်။

7Day Daily

0 comments:

Post a Comment