Wednesday, September 30, 2015

တရုတ်ပြည်မှာ စာအိတ်ဗုံးပေါက်ကွဲ ၇ဦးသေ


တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာအိတ် ဗုံး ၁၇ လုံး အတွဲလိုက် ပေါက်ကွဲတဲ့အတွက် လူ ၇ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိကြောင်း အစိုးရပိုင်တရုတ်ဆင်ဟွာသတင်းကို ကိုးကား၍ CNN သတင်းက ဖော်ပြသည်။
ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးနဲ့ ကားများ ပျက်စီးသွား ကြောင်း သိရပါတယ်။တရုပ်ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးရေးများ ပြုလုပ်နေပြီး Liucheng Tai Po မြို့က ၃၃နှစ်အရွယ်ရှိသူတဦးကို ဗုံးဖြန့်မှုနဲ့ မသင်္ကာဖြစ်နေပါတယ်။

The People’s Daily သတင်းစာအဆိုအရ အဆိုပါ သံသယရှိသူဟာ ဒီစာအိတ်ဗုံးတွေ ဖြန့်ဖို့ အခြားလူတဦးကို ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့က နောက်ထပ် စာအိတ်ဗုံး ၆၀ကိုလည်း ဖယ်ရှားနိုင်ကြောင်း ဖော်ပြ ထားပါတယ်။

ဧရာဝတီ

0 comments:

Post a Comment