Tuesday, September 29, 2015

မန္တလေးအထူးကုဆေးခန်းတစ်ခုကိုဗုံးခွဲမည်ဟုဖုန်းဖြင့်ခြိမ်းခြောက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ညိမ်း အထူးကုဆေးရုံသို့ ဗုံးခွဲမည်ဟု ဖုန်းဖြင့်ဆက်သွယ်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ထွန်းကပြောသည်။မဟာအောင်မြေမြို့နယ် ၈၂လမ်း ၂၉လမ်းနှင့် ၃၀ကြားရှိ ညိမ်းအထူးကုဆေးရုံတွင် စက်တင်ဘာ၂၉ရက် ည၈နာရီ၃၀မိနစ်ခန့် ဗုံးခွဲပစ်မည်ဟု တယ်လီဖုန်းဖြင့်ဆက်ပြီး ပြောဆိုလာမှုကြောင့် မိုင်းရှာဖွေရေးများအရေးပေါ်ပြုလုပ်ခဲ့ပြီး ယင်းဆေးရုံအနီးပတ်ဝန်းကျင်တွင် ယခုအချိန်ထိ လုံခြုံရေးချထားဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မှူးကပြောသည်“ဆေးခန်းကို တိုက်ရိုက်ဆက်ပြီးပြောတာဖြစ်တယ် ခြိမ်းခြောက်တဲ့သဘောပါ တကယ်တမ်းဘာမှလုပ်ထားတာမရှိဘူး “ဟု ၄င်းကပြောသည်။

7Day News Journal

0 comments:

Post a Comment