Tuesday, September 29, 2015

ကျောင်းသူအား ရိုက်နှက်မှု တရားရုံးတိုင်

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျူရှင်ဆရာမတစ်ဦးက တတိယတန်း ကျောင်းသူတစ်ဦးအား ကျူရှင်သင်နေစဉ် စာမရဖြင့် ၀ါးခြမ်းပြားဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သဖြင့် မကျေနပ်၍ မိခင်ဖြစ်သူက တိုင်းတန်းမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖြစ်စဉ်မှာ မ. . . . (၈)နှစ် ၊ တတိယ တန်း ၊ အလက(ခွဲ)အင်းဒေါင်း နေသူအား ၎င်း၏ ကျူရှင်ဆရာမ ဒေါ်. . . . . (၃၈) နှစ်၊ အမကပြ၊ မုန်းမြင့်ကျေးရွာ နေအိမ်သို့ မိခင်ဖြစ်သူ မ. . . . . က ပို့ဆောင်ခဲ့ပြီး အဆို ပါနေ့၊ နေ့လယ်(၁၁)နာရီအချိန် ကျောင်းသူ မ. . . . .သည် ကျူရှင်မှ နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် မိခင်ဖြစ်သူ မ. . . . .က ဒဏ်ရာများတွေ့ရှိ၍ မေးမြန်းရာ ကျူရှင် ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပထမသတင်း ပေးချက်အရ သိရသည်။

ယင်းသို့ ကျူရှင်သင်နေစဉ် စာမရသဖြင့် ၀ါးခြမ်းပြားဖြင့် (၁၃)ချက်ခန့် ရိုက်ခဲ့သောကြောင့် မ. . . . . တွင် နဖူး ၊ ၀ဲလက်မောင်း၊ ၀ဲလက်မ၊ ကျောကုန်း၊ ၀ဲတင်ပါး၊ ၀ဲပေါင်တို့တွင် ဖူးရောင် ညိုမည်းဒဏ်ရာများ ရရှိခဲ့သည်ကို ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့ တိုင်းတန်းခဲ့ဖြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်များအရ သိရသည်။

ယင်းတိုင်ကြားမှု ပတ်သက်၍ ပွင့်ဖြူ မြို့မရဲစခန်းမှ ရဲအရေးမပိုင်မှု အမှတ်စဉ် ၂၃/၂၀၁၅ ဖြင့် ပွင့်ဖြူမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား ပေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Messenger News Journal

0 comments:

Post a Comment