Wednesday, September 30, 2015

ယာဉ်ထိန်းရဲကို ဆရာဝန်က ဓားဖြင့်ထိုးသည့်အမှု စုံခုံဖွဲ့စစ်ဆေးမည်

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ နန်းမြို့ရိုးကျုံး အရှေ့အလယ်(၆၆) လမ်းနှင့် (၁၉) လမ်းထောင့်တွင်း စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဆရာဝန်တစ်ဦးမှ ယာဉ်ထိန်းရဲ တစ်ဦးကို ဓားဖြင့်ထိုးသည့် အမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။“ဒီဖြစ်စဉ်ကို ကျွန်တော်တို့က ရဲချုပ်ရုံးကို တင်ပြတယ်။ ဒီတော့ ရဲချုပ်ရုံးက စုံခုံဖွဲ့ပြီး စစ်ဆေးဖို့ ညွှန်ကြားထားတယ်”ဟု အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး ဦးသက်နိုင်က ပြောသည်။

စက်တင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပူးပေါင်းယာဉ် စစ်ဆေးရေးအဖွဲ့မှ သေဆုံးသူ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မှ ဆိုင်ကယ်လိုင်စင် စစ်ဆေးကြောင်း၊ သို့သော် ဆိုင်ကယ်လိုင်စင် မပါသဖြင့် တာဝန်ကျ အဖွဲ့ထံ ချလန်ဖြတ်ရန် ပြောကြောင်း၊ ယင်းကို မကျေနပ်သဖြင့် အစ်ကိုဖြစ်သူကို သွားရောက် ခေါ်ဆောင်ခဲ့ပြီး ပြန်လာခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဖြင့် စကားများရာမှ လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မှ ရှောင်ပြေးရာမှ လဲကျခဲ့စဉ် ပါလာသည့် ဓားဖြင့် ထိုးခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

၎င်းအမှုကို အောင်မြေသာစံ မြို့နယ်၊ အမှတ်(၁) ရဲစခန်းတွင် (ပ)၂၇၂/၂၀၁၅ ပုဒ်မ -၃၀၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Messenger News Journal

0 comments:

Post a Comment