Saturday, September 12, 2015

အသက် ၆၀ ကွာတဲ့ ရုရှားစုံတွဲရဲ့ မင်္ဂလာပွဲ

ဆိုဗီယက်ရုပ်သံဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးခဲ့တဲ့ ရုရှားမင်းသား အီဗန်ခရက်စ်ကိုဟာ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး အခု အသက် ၂၄ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ လက်ထပ်လိုက်ပြီ

ဖြစ်ပါတယ်။ ခရက်စ်ကိုနဲ့ သတို့သမီး ရှီဗယ်တို့ဟာ မင်္ဂလာပွဲကို အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုသာ ဖိတ်ကြားခဲ့ကြပါတယ်။
ခရက်စ်ကိုက သူနဲ့ အသက် ၆၀ လောက်ကွာတဲ့ သတို့သမီးအသက်စက်စက်လေးကို စောင့်ရှောက်ဖို့ အနည်းဆုံး နောက် ၇ နှစ်လောက်အထိ အင်အားတွေ အပြည့်ရှိနေမယ်လို့ ကတိပေးခဲ့ကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။ ခရက်စ်ကိုက ရှီဗယ်ကို မော်စကိုမြို့မြေအောက်ရထားဘူတာရုံမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး ရုပ်ရှင်တွေထဲကလို romantic ဆန်ဆန် ဒူးထောက်ပြီး စိန်လက်စွပ်နဲ့

လက်ထပ်ခွင့် တောင်းတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ကလေးယူဖို့လည်း အစီအစဉ်ရှိကြောင်း ပြောကြားခဲ့တယ်လို့ ရှရှားမီဒီယာတွေက ဖော်ပြပါတယ်။ သူတို့ဟာ မင်္ဂလာပွဲကျင်းပပြီးတဲ့

နောက် ဗင်းနစ်ခ်ျမြို့ကို ဟန်းနီးမွန်ထွက်သွားခဲ့ကြပါတယ်။ အသက် ၂၄ နှစ်အရွယ် ရှီဗယ်ကလည်း ခရက်စ်ကိုနဲ့ လက်မထပ်ခင်မှာ ကွာရှင်းထားသူ တစ်ယောက်ဖြစ်ပါတယ်။

အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ခရက်စ်ကိုဟာ သူမအတွက် အရမ်းကို ကဗျာဆန်သူဖြစ်နေဆဲဖြစ်တယ်လို့ ရှီဗယ်က ပြောခဲ့ပါသေးတယ်။ အသက် ၆၀ ကွာတဲ့ စုံတွဲရဲ့ မင်္ဂလာဆောင်ဟာ ရုရှားမှာတော့ အတော်လေးနာမည်ကြီးနေပါတယ်။

source - telegraph
Planet Myanmar Network

0 comments:

Post a Comment