၂၀၂၀ ပြည့်နှစ်မှစ၍ ယာဉ်မှတ်ပုံတင်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ထုတ်ပြန်သည်။
အဆိုပါညွန်ကြားချက်အား အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦက ပြောကြားသည်။
အောက်တိုဘာ ၁ ရက်မှ စတင်ကာ တစ်နှစ်အတွင်း ယာဉ်ပိုင်ရှင်အမည်ပြောင်းပါက ယာဉ်၏ တန်ဖိုး သုံးရာခိုင်နှုန်းသာ အခွန်ကောက်ခံပြီး လာမည့်ဘဏ္ဍာနှစ်များအတွက်မူ ဖြေလျော့ခြင်း ရှိ မရှိ မသိရသေးကြောင်း သိရသည်။
ကညနအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ( ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ နယ်ဝင်/နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်/ဆေး/...ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထား ပျောက်ဆုံးခြင်း စသည်ဖြင့်) ဆောင်ရွက်ပါက အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင်(သို့မဟုတ်) အမည်ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ယာဉ်လက်ဝယ်ရှိသူ၏ အမည်သို့ပြောင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။.
#ယာဉ်မှတ်ပုံတင်#သက်တမ်းတို#ကညန
0 comments:
Post a Comment