လှူဒါန်းမှုဆိုတာ ငွေရှိတိုင်းလုပ်လို့ရတဲ့အရာမဟုတ်ပဲ စိတ်ထားတတ်မှလဲ ပြုလုပ်လို့ရတဲ့ စွန့်လွှတ်မှု တစ်ခုပါ။ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ အရာတွေကို တပါးသူရဲ့အကျိုးအတွက်စွန့်လွှတ်တယ်ဆိုတဲ့ လုပ်ရပ်ဟာ တကယ်ကိုမွန်မြတ်တဲ့လုပ်ရပ်တစ်ခုပါ။ ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ရှာရှာတစ်ယောက် မျက်လုံးအကြိတ်နဲ့ လည်ပင်းအကြိတ်ဝေဒနာကိုခံစားနေရတဲ့ ဆရာတော် ဘဒ္ဒန္တဦးပညာဝါရအတွက် နေပြည်တော်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မိသားစုနဲ့အတူ အလှူငွေ လေးသိန်းနှစ်သောင်းကျပ်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
သူမရဲ့ we love လေးတွေကလည်း စုပေါင်းပြီးတော့ အလှူငွေ တစ်သိန်းတစ်သောင်းထပ်မံလှူဒါန်း ခဲ့ပါသေးတယ်။ လိုအပ်တဲ့သူတွေကို လိုအပ်တဲ့အချိန်မှာလှူဒါန်းခဲ့တဲ့ ရှာရှာ့ရဲ့စေတနာကတော့ ချီးကျူးစရာပါ။ ဆရာတော်ကြီးဟာ ယခင်ကလည်း မျက်လုံးအကြိတ်ကင်ဆာ အတွက် ခွဲစိတ်မှုခံယူပြီးပြီဖြစ်သော်လည်း ယခုအခါထပ်မံပြီးတော့ မျက်လုံးအကြိတ်တင်မက လည်ပင်းအကြိတ်ဝေဒနာကိုပါ ခံစားနေရ တာကြောင့် သူမကသွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
သူမရဲ့ကြည်နူးစရာအလှူလေးကို ” ဆရာတော်ကြီး ဘဒ္ဒန္တဦးပညာဝါရသည် ရန်ကုန်သို့မကြွနိုင်သဖြင့် နေပြည်တော်ဇဗ္ဗူသီရိဆေးရုံကြီး အထိကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ရှာရှာတို့မိသားစုမှ ၄ သိန်း ၂ သောင်း We Love Patricia fan group မှ ၁ သိန်း ၁ သောင်း လှူဒါန်းခဲ့ပါသည် ပါဝင်လှူဒါန်းပေးကြတဲ့ Patricious လေးတွေ Sadu Sadu Sadu ပါကွယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါရှာရှာရေ။
<<zawgyi>>
မျက်စိနဲ့ လည်ပင်းကင်ဆာဝေဒနာကို ခံစားနေရတဲ့ ဆရာတော်ကြီးဆီသွားရောက်လှူဒါန်းခဲ့တဲ့ ပက်ထရစ်ရှာ
Thursday,October 3, 2019
လှူဒါန်းမှုဆိုတာ ငွေရှိတိုင်းလုပ်လို့ရတဲ့အရာမဟုတ်ပဲ စိတ်ထားတတ်မှလဲ ပြုလုပ်လို့ရတဲ့ စွန့်လွှတ်မှု တစ်ခုပါ။ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ အရာတွေကို တပါးသူရဲ့အကျိုးအတွက်စွန့်လွှတ်တယ်ဆိုတဲ့ လုပ်ရပ်ဟာ တကယ်ကိုမွန်မြတ်တဲ့လုပ်ရပ်တစ်ခုပါ။ ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ရှာရှာတစ်ယောက် မျက်လုံးအကြိတ်နဲ့ လည်ပင်းအကြိတ်ဝေဒနာကိုခံစားနေရတဲ့ ဆရာတော် ဘဒ္ဒန္တဦးပညာဝါရအတွက် နေပြည်တော်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မိသားစုနဲ့အတူ အလှူငွေ လေးသိန်းနှစ်သောင်းကျပ်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
သူမရဲ့ we love လေးတွေကလည်း စုပေါင်းပြီးတော့ အလှူငွေ တစ်သိန်းတစ်သောင်းထပ်မံလှူဒါန်း ခဲ့ပါသေးတယ်။ လိုအပ်တဲ့သူတွေကို လိုအပ်တဲ့အချိန်မှာလှူဒါန်းခဲ့တဲ့ ရှာရှာ့ရဲ့စေတနာကတော့ ချီးကျူးစရာပါ။ ဆရာတော်ကြီးဟာ ယခင်ကလည်း မျက်လုံးအကြိတ်ကင်ဆာ အတွက် ခွဲစိတ်မှုခံယူပြီးပြီဖြစ်သော်လည်း ယခုအခါထပ်မံပြီးတော့ မျက်လုံးအကြိတ်တင်မက လည်ပင်းအကြိတ်ဝေဒနာကိုပါ ခံစားနေရ တာကြောင့် သူမကသွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
သူမရဲ့ကြည်နူးစရာအလှူလေးကို ” ဆရာတော်ကြီး ဘဒ္ဒန္တဦးပညာဝါရသည် ရန်ကုန်သို့မကြွနိုင်သဖြင့် နေပြည်တော်ဇဗ္ဗူသီရိဆေးရုံကြီး အထိကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ရှာရှာတို့မိသားစုမှ ၄ သိန်း ၂ သောင်း We Love Patricia fan group မှ ၁ သိန်း ၁ သောင်း လှူဒါန်းခဲ့ပါသည် ပါဝင်လှူဒါန်းပေးကြတဲ့ Patricious လေးတွေ Sadu Sadu Sadu ပါကွယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါရှာရှာရေ။
#Myanmar_Online_News #Patricia
0 comments:
Post a Comment