စီးပွားရေး၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြေများကို လာရောက်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
မြေအသုံးပြုခွင့်များကို သတ်မှတ်စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ၊ အဆိုပါကိစ္စကို မြေအသုံးပြုရန်စိတ်ပါဝင်စားသူတိုင်း မြေအသုံးပြုခွင့်လျှောက်လွှာ ဝယ်ယူတင်သွင်းနိုင်မည်ဖြစ်ပြီး မြေအသုံးပြုခွင့်လျှောက်လွှာပုံစံကို လျှောက်ထားသူကိုယ်တိုင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတင်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ဝယ်ယူလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လျှောက်လွှာများကို အောက်တိုဘာ ၇ ရက်နဲ့ နိုဝင်ဘာလ ၈ ရက်အတွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရောင်းချမည့်မြေများမှာ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်နှင့် ဒဂုံတောင်မြို့နယ်များနှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များမှ မြေများဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရပါသည်။
<<zawgyi>>
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေများကို လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ကိုင်လိုသူများကို ရောင်းမည်ဖြစ်ပြီး လျှောက်လွှာများကို အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အတွင် တင်သွင်းရမည်
Thursday,October 3, 2019
စီးပွားရေး၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြေများကို လာရောက်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
မြေအသုံးပြုခွင့်များကို သတ်မှတ်စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ၊ အဆိုပါကိစ္စကို မြေအသုံးပြုရန်စိတ်ပါဝင်စားသူတိုင်း မြေအသုံးပြုခွင့်လျှောက်လွှာ ဝယ်ယူတင်သွင်းနိုင်မည်ဖြစ်ပြီး မြေအသုံးပြုခွင့်လျှောက်လွှာပုံစံကို လျှောက်ထားသူကိုယ်တိုင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတင်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ဝယ်ယူလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လျှောက်လွှာများကို အောက်တိုဘာ ၇ ရက်နဲ့ နိုဝင်ဘာလ ၈ ရက်အတွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရောင်းချမည့်မြေများမှာ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်နှင့် ဒဂုံတောင်မြို့နယ်များနှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များမှ မြေများဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရပါသည်။
#Myanmar_Online_News #ရန်ကုန် #အစိုးရအဖွဲ့မြေစီမံခန့်ခွဲရေးကော်မတီ
<<zawgyi>>
0 comments:
Post a Comment