ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ကာဒီကျေးရွာဘက်မှ ကားလမ်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးအား ရပ်တန့်ရန် သတိပေး ပြောကြားခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ကျောက်တော်မြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ဟန့်တားပစ်ခတ်ခဲ့ရာ ၎င်းအား ဆိုင်ကယ်နှင့် အတူ အသေဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ အသေဖမ်းဆီးရမိသူအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အပေါက်ဝကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်နေ ဦးလူချေ(ဘ)ဦးအောင်ကျော် ဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ဆိုင်ကယ် တူးဘောက်အတွင်းမှ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဒီတိုနေတာ တစ်ချောင်း၊ Panasonic အမျိုးအစား အနီရောင်ဓာတ်ခဲ ၁၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
၎င်းဒေသသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်မှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၂ ရက်၊ ရက်စွဲဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄၊ အမိန့်အမှတ်စဉ်(၃/၂ဝ၁၉) ထုတ်ပြန်ထားသည့် နယ်မြေဒေသ တစ်ခုဖြစ်ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်ခြင်း များ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
<zawgyi>
ကျောက်တော်မြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦးအား အသေ ဖမ်းဆီးရမိ
Thursday,October 3, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ကာဒီကျေးရွာဘက်မှ ကားလမ်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးအား ရပ်တန့်ရန် သတိပေး ပြောကြားခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ကျောက်တော်မြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ဟန့်တားပစ်ခတ်ခဲ့ရာ ၎င်းအား ဆိုင်ကယ်နှင့် အတူ အသေဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ အသေဖမ်းဆီးရမိသူအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အပေါက်ဝကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်နေ ဦးလူချေ(ဘ)ဦးအောင်ကျော် ဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ဆိုင်ကယ် တူးဘောက်အတွင်းမှ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဒီတိုနေတာ တစ်ချောင်း၊ Panasonic အမျိုးအစား အနီရောင်ဓာတ်ခဲ ၁၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
၎င်းဒေသသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်မှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၂ ရက်၊ ရက်စွဲဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄၊ အမိန့်အမှတ်စဉ်(၃/၂ဝ၁၉) ထုတ်ပြန်ထားသည့် နယ်မြေဒေသ တစ်ခုဖြစ်ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်ခြင်း များ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
#Myanmar_Online_News #ကျောက်တော်မြို့နယ် #AAအကြမ်းဖက်သောင်းကျန်းသူ
0 comments:
Post a Comment