
၁။ ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာနသည် 2019-nCoV အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင ်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ (၂၄) နာရီ ဆက်သွယ်နိုင်သော တယ်လီဖုန်းနံပါတ်(Hotline) များထားရှိ၍ ပြည်သူလူထုမှ ပေးပို့သောသတင်း များအားရယူကာ ကွင်းဆင်းစစ်ဆေးအတည်ပြုခြင် း၊ သတင်းမှန်ပြန်ကြားခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသောသတင်းများအား စောင့်ကြည့်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများမှ ကွင်းဆင်းစစ်ဆေးအတည်ပြုခြင် း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် -
(က) - (၅-၂-၂၀၂၀)ရက်နေ့၊ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ ပုသိမ်မြို့နယ်၊ (၁၃)ရပ်ကွက်ရှိ သိုးမွေးအထည်ချုပ်စက်ရုံ (၁)ရုံတွင် လုပ်ကိုင်နေသော တရုတ် ပြည်သူ့သမ္မတနိုင်ငံမှရောက် ရှိလာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသာ း (၁)ဦး သည် ဖျားနာချောင်းဆိုးနေကြောင်း နှင့် အခြား(၁)ဦးမှာလည်း ဖျားနာနေကြောင်း သတင်းပေးပို့ခဲ့သဖြင့် သတင်းရရှိလျှင်ရရှိချင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး ဦးဆောင်သောအဖွဲ့မှ ဒေသခံအာဏာပိုင်များ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
- ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရ ာတွင် အဆိုပါကုမ္ပဏီ၌
နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း (၆၅)ဦးရှိသည့်အနက် (၁၆)ဦးမှာ (၁-၂-၂၀၂၀)ရက်နေ့မှ (၄-၂-၂၀၂၀) ရက်နေ့ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အသီးသီးပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဖျားနာခြင်းမရှိဘဲ ကျန်းမာလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
- တာဝန်ရှိသူများက 2019-nCoV လတ်တလောအသက်ရှုလမ်းကြောင်းဆ ိုင်ရာ ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး သံသယရောဂါလက္ခဏာများရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်သတင်းပေးပိ ု့ရန်မှာကြားခဲ့ပါသည်။ ၎င်းတို့ တွင် သံသယရောဂါလက္ခဏာများ ရှိ၊ မရှိ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
(ခ) - (၅-၂-၂၀၂၀)ရက်နေ့တွင် လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများ၌ ဆားလင်းကြီး မြို့နယ်ရှိ သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (၁) ခုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသာ း (၁) ဦး ရုတ်တရက်ဖျားနာသေဆုံးကြောင် း သတင်းများပျံ့နှံ့ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေးအဖွဲ့ နှင့် ဆားလင်းကြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦ းစီးဌာနမှ တာဝန်ရှိသူများသည် ဒေသခံအာဏာပိုင် များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
- ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရ ာတွင် အဆိုပါကုမ္ပဏီ၌ ဝန်ထမ်းနှင့်မိသားစုစုစုပေါ င်း (၁၀၁)ဦးရှိကြောင်းတွေ့ရှိရပ ြီး ရုတ်တရက်
ဖျားနာသေဆုံးသူမရှိသည့်အပြင ် ဝန်ထမ်း နှင့်မိသားစုဝင်အားလုံး၌ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါကြောင်းနှင့် လွန်ခဲ့သော (၁၄) ရက်အတွင်းတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသိ ု့ သွားရောက်ခဲ့သူမရှိကြောင်းက ို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
- ထို့အပြင် ကွင်းဆင်းအဖွဲ့သည် ဆားလင်းကြီးမြို့နယ်အတွင်းရ ှိ အခြားသတ္တု ထုတ်လုပ်ရေးကုမ္ပဏီ (၄)ခုသို့လည်း သွားရောက်ကာ 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင ်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်ရုံများရှိဝန်ထမ်းနှင့်မ ိသားစုဝင်အားလုံးမှာ ကျန်းမာ ရေးကောင်းမွန်လျက်ရှိကြောင် း တွေ့ရှိခဲ့ရပါသည်။ ၎င်းတို့တွင် သံသယရောဂါ လက္ခဏာများ ရှိ၊ မရှိ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ဂ) - (၆-၂-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်သူတစ်ဦးမှဗဟိုကူးစက်ရော ဂါ တိုက်ဖျက်ရေးဌာနခွဲ၏ Hotline
(၀၆၇-၃၄၂၀၈၀၂) သို့ဆက်သွယ်၍ ရွှေပြည်သာ မြို့နယ်၊ လှော်ကားဝါးတစ်ရာစက်မှုဇုံ (၃)ရှိအထည်ချုပ်စက်ရုံ (၁) ခုတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသား (၇)ဦးအနက် (၃) ဦးမှာဖျားနာလျက်ရှိကြောင်းန ှင့်၎င်းတို့(၇) ဦးမှာ တရုတ်နှစ်သစ်ကူးအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသိ ု့သွားရောက်ခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း အကြောင်းကြားလာခဲ့သဖြင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေ းဌာနခွဲမှ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနသို့ဆက်သွယ်၍ အဆိုပါသတင်းအားအတည်ပြု စစ်ဆေး ပေးနိုင်ရေးအတွက် အကြောင်းကြားခဲ့ပါသည်။
- ရန်ကုန်တိုင်းဒေသကြီးပြည်သူ ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရွှေပြည်သာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမ ှ တာဝန်ရှိသူများနှင့်အတူ သတင်းရရှိလျှင် ရရှိချင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါတရုတ်ပြည်သူ့သမ္မတနို င်ငံသား (၇) ဦး တို့သည် ကျန်းမာရေးကောင်းမွန်လျက်ရှ ိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ၎င်းတို့ တွင် သံသယရောဂါလက္ခဏာများရှိ၊ မရှိရောဂါစောင့်ကြပ်ကြည့်ရှ ုမှုလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာနသည် ယနေ့၊ နံနက်ပိုင်းအထိ သံသယလူ (၂)ဉီး အပါအ၀င် လူနာ (၇)ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှုကု သမှု ပေးလျက်ရှိပြီး ၄င်းတို့၏ကျန်းမာရေးအခြေအနေ မှာ သက်သာကောင်းမွန်လျက်ရှိပါသည ်။
၃။ ပြည်သူများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသိ ု့ လွန်ခဲ့သော (၁၄) ရက်အတွင်း သွားရောက်ခဲ့ပြီးဖျားနာခြင် း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် သံသယရောဂါလက္ခဏာများ ရှိသည့် လူနာများကိုတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသ ို့လည်းကောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေ းဌာနခွဲ၊ နေပြည်တော် (Hotline – 067-3420802) သို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေ့စဉ်အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိသော သတင်းများနှင့် ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး ပညာပေးသတင်းအချက်အလက်များအာ း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်တွင်းသတင်း၊ ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)၊ MRTV facebook ၊ MOHS facebook နှင့် Myanmar CDC facebook တို့တွင် နေ့စဉ်ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment