ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADCဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Pras-hanth Mohananနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့် ရေးဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရေတပ်လေ့ကျင့်ရေး ဌာန ချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခဲ့ကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန် အလှန် လဲလှယ်ကြသည်။ ယင်းနောက် အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြသ ကြသည်။ ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သမိုင်းဝင် စစ်ရေယာဉ်(မေယု)သို့ သွားရောက် လေ့လာခဲ့ကြသည်။
ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး General Building ခန်းမ၌ ရေယာဉ် တည်ဆောက်/ပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသကြသည်။ ထို့နောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကာ အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဌာနချုပ်ဝင်း အတွင်း၌ လှည့်လည်ကြည့်ရှု လေ့ လာခဲ့ကြပြီး တပ်မတော်(ရေ)မှအသစ်တည်ဆောက်လျက်ရှိသော စစ်ရေယာဉ် များအား ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် အမှတ်(၃)ရေတပ် ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော စစ်ရေယာဉ်(မုတ္တမ)နှင့် စစ်ရေ ယာဉ် (ဆင်ဖြူရှင်)တို့အား သွားရောက်ကြည့်ရှု လေ့လာကြရာ ရေယာဉ်ဆိုင် ရာ အချက်အလက်များအား တာဝန်ရှိသူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
အိန္ဒိယ ရေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိကာ ရေတပ်သင်္ဘောကျင်း ဌာနချုပ်အတွင်း လှည့်လည်ကြည့်ရှု
Tuesday , February 18 , 2020
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADCဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ရေတပ် စစ်သံမှူး Captain Pras-hanth Mohananနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့် ရေးဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရေတပ်လေ့ကျင့်ရေး ဌာန ချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခဲ့ကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန် အလှန် လဲလှယ်ကြသည်။ ယင်းနောက် အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြသ ကြသည်။ ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သမိုင်းဝင် စစ်ရေယာဉ်(မေယု)သို့ သွားရောက် လေ့လာခဲ့ကြသည်။
ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး General Building ခန်းမ၌ ရေယာဉ် တည်ဆောက်/ပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသကြသည်။ ထို့နောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကာ အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဌာနချုပ်ဝင်း အတွင်း၌ လှည့်လည်ကြည့်ရှု လေ့ လာခဲ့ကြပြီး တပ်မတော်(ရေ)မှအသစ်တည်ဆောက်လျက်ရှိသော စစ်ရေယာဉ် များအား ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် အမှတ်(၃)ရေတပ် ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော စစ်ရေယာဉ်(မုတ္တမ)နှင့် စစ်ရေ ယာဉ် (ဆင်ဖြူရှင်)တို့အား သွားရောက်ကြည့်ရှု လေ့လာကြရာ ရေယာဉ်ဆိုင် ရာ အချက်အလက်များအား တာဝန်ရှိသူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
0 comments:
Post a Comment