Monday, February 17, 2020

မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိ

Image may contain: car, text that says 'သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ'
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြာင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၅၃ဝ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်တွင် မသင်္ကာဖွယ်မော်တော် ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမ တွေ့ရှိဘဲ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၉၀၀၀၀ ပြား (ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၈၀၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံ စမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - CCDAC
>>Zawgyi<<
မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိ
Monday , February 17 , 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြာင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၅၃ဝ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်တွင် မသင်္ကာဖွယ်မော်တော် ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမ တွေ့ရှိဘဲ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၉၀၀၀၀ ပြား (ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၈၀၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံ စမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - CCDAC

0 comments:

Post a Comment