မြန်မာနိုင်ငံအနီး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်အသစ် တွေ့ရှိထားကြောင်း တောင်ကိုရီးယားအခြေစိုက် Posco International ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ကြောင်း The Korea Herald သတင်းဌာနက ဖော်ပြထားသည်။
Posco ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ၎င်းတို့ကုမ္ပဏီ၏ ‟မဟာ” စီမံကိန်းအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ပင်လယ်ရေအောက်တူးဖော်မှုများကို စတင်ခဲ့ပြီး ယင်းသို့တူးဖော်ရှာဖွေမှုများမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။ပင်လယ်ကြမ်းပြင်အရောက် ၂,၅၉၈ မီတာထိ (ရေအောက် မီတာ တစ်ထောင်ကျော်) တူးခဲ့ရကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
ယခုတွေ့ရှိသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းသစ်မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေပေါင်း ၃၈ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။ကုမ္ပဏီအနေဖြင့် ယခုတွေ့ရှိသည့်နေရာကို တူးဖော်ရန် တွက်ချက်လေ့လာမှုများကို ၂၀၂၁ ခုနှစ်မှ စတင်ပြုလုပ်ကာ အချက်အလက်စူးစမ်းသုံးသပ်မှုများကို အချိန် နှစ်နှစ်ယူပြုလုပ်မည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ တွင်းသစ်အတွက် စီးပွားရေးဆိုင်ရာကိစ္စများကို အသေးစိတ်အစီအစဉ်များ ချမှတ်ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
မဟာစီမံကိန်း၏ အရှေ့တောင်ဘက် ၂၄ ကီလိုမီတာတွင် ရှိသည့် နောက်ထပ်စီမံကိန်းဖြစ်သည့် ‟အောင်မြင်” စီမံကိန်းအတွက်လည်း တူးဖော်ရှာဖွေမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Posco International သည် ကိုရီးယားထိပ်တန်း သံမဏိထုတ်လုပ်ရေးလုပ်ငန်းစု Posco ၏ ကုန်သွယ်ရေး ကုမ္ပဏီဖြစ်သည်။အဆိုပါကုမ္ပဏီသည် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ‟ရွှေ” နှင့် ‟မြ” ဓာတ်ငွေ့လုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိသည်။
Ref-the voice
>>Zawgyi<<
ကိုရီးယားကုမ္ပဏီမှ မြန်မာနိုင်ငံအနီးတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်အသစ် တွေ့ထားကြောင်း ကြေညာ
Tuesday , February 18 , 2020
မြန်မာနိုင်ငံအနီး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်အသစ် တွေ့ရှိထားကြောင်း တောင်ကိုရီးယားအခြေစိုက် Posco International ကုမ္ပဏီက ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်နေ့) တွင် သတင်းထုတ်ပြန်ကြောင်း The Korea Herald သတင်းဌာနက ဖော်ပြထားသည်။
Posco ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ၎င်းတို့ကုမ္ပဏီ၏ ‟မဟာ” စီမံကိန်းအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ပင်လယ်ရေအောက်တူးဖော်မှုများကို စတင်ခဲ့ပြီး ယင်းသို့တူးဖော်ရှာဖွေမှုများမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။ပင်လယ်ကြမ်းပြင်အရောက် ၂,၅၉၈ မီတာထိ (ရေအောက် မီတာ တစ်ထောင်ကျော်) တူးခဲ့ရကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
ယခုတွေ့ရှိသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းသစ်မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေပေါင်း ၃၈ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။ကုမ္ပဏီအနေဖြင့် ယခုတွေ့ရှိသည့်နေရာကို တူးဖော်ရန် တွက်ချက်လေ့လာမှုများကို ၂၀၂၁ ခုနှစ်မှ စတင်ပြုလုပ်ကာ အချက်အလက်စူးစမ်းသုံးသပ်မှုများကို အချိန် နှစ်နှစ်ယူပြုလုပ်မည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ တွင်းသစ်အတွက် စီးပွားရေးဆိုင်ရာကိစ္စများကို အသေးစိတ်အစီအစဉ်များ ချမှတ်ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
မဟာစီမံကိန်း၏ အရှေ့တောင်ဘက် ၂၄ ကီလိုမီတာတွင် ရှိသည့် နောက်ထပ်စီမံကိန်းဖြစ်သည့် ‟အောင်မြင်” စီမံကိန်းအတွက်လည်း တူးဖော်ရှာဖွေမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Posco International သည် ကိုရီးယားထိပ်တန်း သံမဏိထုတ်လုပ်ရေးလုပ်ငန်းစု Posco ၏ ကုန်သွယ်ရေး ကုမ္ပဏီဖြစ်သည်။အဆိုပါကုမ္ပဏီသည် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ‟ရွှေ” နှင့် ‟မြ” ဓာတ်ငွေ့လုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိသည်။
Ref-the voice
0 comments:
Post a Comment