အမေရိကန် အောက်လွှတ်တော်သည် သမ္မတဒေါ်နယ်ထရန့်အပေါ် အာဏာ အလွဲသုံးစားမှု၊ ကွန်ဂရက် လွှတ်တော်၏ လုပ်ငန်းများကို နှောင့်ယှက်မှုတို့ဖြင့် ပြစ်တင်ရှုတ်ချကြောင်း အဆိုကို မဲခွဲအတည်ပြုပြဌာန်းခဲ့ပြီး ယင်းကိစ္စအားအထက်လွှတ်တော်၌ ထပ်မံမဲခွဲဆုံးဖြတ်ရန်အတွက် အဆိုပြုချက် ပေးပို့ခဲ့ကြောင်း၊ အထက်လွှတ်တော်သည် အောက်လွှတ်တော်မှ ပေးပို့လာသော အဆိုပြုချက်အား ရက်သတ္တပတ်အတန်ကြာ ကြားနာစစ်ဆေးမှု ပြုလုပ်အပြီးတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၅)ရက်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ပထမစွဲချက်ဖြစ်သော အာဏာအလွဲသုံးစားမှုစွဲချက်နှင့်ပတ်သက်၍ သမ္မတ၌အပြစ်မရှိ ကြောင်းကို ထောက်ခံမဲ (၅၂)မဲ၊ ကန့်ကွက်မဲ(၄၈)မဲတို့ဖြင့်လည်းကောင်း၊ ဒုတိယစွဲချက်ဖြစ်သော ကွန်ဂရက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုများကို ဟန့်တားနှောင့်ယှက်မှုစွဲချက်နှင့်ပတ်သက်၍ သမ္မတ၌ အပြစ်မရှိကြောင်းကို ထောက်ခံမဲ(၅၃)မဲ၊ကန့်ကွက်မဲ(၄၇)မဲတို့ဖြင့်အတည်ပြုနိုင်ခဲ့ရာ သမ္မတဒေါ်နယ်ထရန့် အနေဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
အထက်လွှတ်တော်၌ စစ်ဆေးကြားနားမှုများကိုကြီးကြပ်ခဲ့သည့် အမေရိကန်တရားရုံးချုပ် တရားသူကြီးချုပ် ဂျွန်ရောဘတ်ကပြောကြားရာ၌ အထက်လွှတ်တော်တွင် သမ္မတအပေါ်ပြစ်တင် ရှုတ်ချကြောင်းအဆိုအားမဲခွဲဆုံးဖြတ်ရာတွင် အဆိုအောင်မြင်ရေးအတွက် အထက်လွှတ်တော်အမတ် (၃)ပုံ(၂)ပုံခန့်၏ထောက်ခံမဲကိုရရှိရန်လိုအပ်ကြောင်း၊ ယခုအခါ အထက်လွှတ်တော်အမတ်အများစုသည် သမ္မတဒေါ်နယ်ထရန့်၌ အပြစ်မရှိဟူ၍ယူဆသောကြောင့် အောက်လွှတ်တော်မှတင်သွင်းလာသည့် အဆိုမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်အထက်လွှတ်တော်တွင်အမတ်နေရာ(၁၀၀)ရှိသည့်အနက် ရီပတ်ဗလစ်ကန်ပါတီက (၅၃)နေရာ၊ ဒီမိုကရက်တစ်ပါတီက(၄၅)နေရာနှင့် တစ်သီးပုဂ္ဂလ(၂)နေရာတို့ အသီးသီးပါဝင်ခဲ့ရာ မဲခွဲဆုံးဖြတ်မှုရလဒ်များအရ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြုအမတ်များကတစ်ဘက်၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီနှင့် တစ်သီးပုဂ္ဂလအမတ်များက တစ်ဘက်အားပြိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပထမစွဲချက်ဖြစ်သော အာဏာအလွဲသုံးစားမှုစွဲချက်ကိုမဲခွဲဆုံးဖြတ်ရာ၌ ရီပတ်ဗလစ်ကန်ပါတီ၏ ထင်ရှားသော အထက်လွှတ်တော်အမတ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူမစ်ရွန်နေးသည် ဒေါ်နယ်ထရန့်အား ကန့်ကွက်မဲ ပေးခဲ့သည့် တစ်ဦးတည်းသော ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော်အမတ်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပထမစွဲချက်တွင် သမ္မတဒေါ်နယ်ထရန့်ဘက်မှ ထောက်ခံသည့်မဲအရေအတွက်မှာ(၅၂)မဲသာရှိခဲ့ကြောင်း၊ သို့သော် မစ်ရွန်နေးသည် ဒုတိယစွဲချက်နှင့်ပတ်သက်၍မူ သမ္မတ၌အပြစ်မရှိကြောင်းကို ထောက်ခံမဲ ပေးခဲ့ကြောင်း သိရှိရသည်။

Source : www.xinhuanet.com Ref : BSI Myanmar
>>Zawgyi<<
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အပေါ် ပြစ်တင်ရှုတ်ချကြောင်းအဆိုများအား အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ပယ်ချခဲ့
Friday , February 7 , 2020
အမေရိကန် အောက်လွှတ်တော်သည် သမ္မတဒေါ်နယ်ထရန့်အပေါ် အာဏာ အလွဲသုံးစားမှု၊ ကွန်ဂရက် လွှတ်တော်၏ လုပ်ငန်းများကို နှောင့်ယှက်မှုတို့ဖြင့် ပြစ်တင်ရှုတ်ချကြောင်း အဆိုကို မဲခွဲ အတည်ပြုပြဌာန်းခဲ့ပြီး ယင်းကိစ္စအားအထက်လွှတ်တော်၌ ထပ်မံမဲခွဲဆုံးဖြတ်ရန်အတွက် အဆိုပြုချက် ပေးပို့ခဲ့ကြောင်း၊ အထက်လွှတ်တော်သည် အောက်လွှတ်တော်မှ ပေးပို့လာသော အဆိုပြုချက်အား ရက်သတ္တပတ်အတန်ကြာ ကြားနာစစ်ဆေးမှု ပြုလုပ်အပြီးတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၅)ရက်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ပထမစွဲချက်ဖြစ်သော အာဏာအလွဲသုံးစားမှုစွဲချက်နှင့်ပတ်သက်၍ သမ္မတ၌အပြစ်မရှိ ကြောင်းကို ထောက်ခံမဲ (၅၂)မဲ၊ ကန့်ကွက်မဲ(၄၈)မဲတို့ဖြင့်လည်းကောင်း၊ ဒုတိယစွဲချက်ဖြစ်သော ကွန်ဂရက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုများကို ဟန့်တားနှောင့်ယှက်မှုစွဲချက်နှင့်ပတ်သက်၍ သမ္မတ၌ အပြစ်မရှိကြောင်းကို ထောက်ခံမဲ(၅၃)မဲ၊ကန့်ကွက်မဲ(၄၇)မဲတို့ဖြင့်အတည်ပြုနိုင်ခဲ့ရာ သမ္မတဒေါ်နယ်ထရန့် အနေဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
အထက်လွှတ်တော်၌ စစ်ဆေးကြားနားမှုများကိုကြီးကြပ်ခဲ့သည့် အမေရိကန်တရားရုံးချုပ် တရားသူကြီးချုပ် ဂျွန်ရောဘတ်ကပြောကြားရာ၌ အထက်လွှတ်တော်တွင် သမ္မတအပေါ်ပြစ်တင် ရှုတ်ချကြောင်းအဆိုအားမဲခွဲဆုံးဖြတ်ရာတွင် အဆိုအောင်မြင်ရေးအတွက် အထက်လွှတ်တော်အမတ် (၃)ပုံ(၂)ပုံခန့်၏ထောက်ခံမဲကိုရရှိရန်လိုအပ်ကြောင်း၊ ယခုအခါ အထက်လွှတ်တော်အမတ်အများစုသည် သမ္မတဒေါ်နယ်ထရန့်၌ အပြစ်မရှိဟူ၍ယူဆသောကြောင့် အောက်လွှတ်တော်မှတင်သွင်းလာသည့် အဆိုမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်အထက်လွှတ်တော်တွင်အမတ်နေရာ(၁၀၀)ရှိသည့်အနက် ရီပတ်ဗလစ်ကန်ပါတီက (၅၃)နေရာ၊ ဒီမိုကရက်တစ်ပါတီက(၄၅)နေရာနှင့် တစ်သီးပုဂ္ဂလ(၂)နေရာတို့ အသီးသီးပါဝင်ခဲ့ရာ မဲခွဲဆုံးဖြတ်မှုရလဒ်များအရ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြုအမတ်များကတစ်ဘက်၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီနှင့် တစ်သီးပုဂ္ဂလအမတ်များက တစ်ဘက်အားပြိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပထမစွဲချက်ဖြစ်သော အာဏာအလွဲသုံးစားမှုစွဲချက်ကိုမဲခွဲဆုံးဖြတ်ရာ၌ ရီပတ်ဗလစ်ကန်ပါတီ၏ ထင်ရှားသော အထက်လွှတ်တော်အမတ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူမစ်ရွန်နေးသည် ဒေါ်နယ်ထရန့်အား ကန့်ကွက်မဲ ပေးခဲ့သည့် တစ်ဦးတည်းသော ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော်အမတ်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပထမစွဲချက်တွင် သမ္မတဒေါ်နယ်ထရန့်ဘက်မှ ထောက်ခံသည့်မဲအရေအတွက်မှာ(၅၂)မဲသာရှိခဲ့ကြောင်း၊ သို့သော် မစ်ရွန်နေးသည် ဒုတိယစွဲချက်နှင့်ပတ်သက်၍မူ သမ္မတ၌အပြစ်မရှိကြောင်းကို ထောက်ခံမဲ ပေးခဲ့ကြောင်း သိရှိရသည်။
Source : www.xinhuanet.com Ref : BSI Myanmar
#Myanmar_Online_News

0 comments:
Post a Comment