ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ယခုလ ၁၈ရက် နံနက် ၀၃၃၀ နာရီအချိန်က ငါး၊ ပုဇွန် အရောင်းအဝယ်ပြုလုပ်သည့် အဆောက်အဦးနှင့် ပစ္စည်းသိုလှောင်ရုံ(၁)ခု မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းများအရသိရှိရသည်။
မီးစတင်လောင်ကျွမ်းနေပြီ ဖြစ်ကြောင်းသိရှိရသည်နှင့် တပြိုင်နက် ဒေသခံပြည်သူများ၊ ဟိုင်းကြီး ကျွန်းမြို့ မီသတ်ဦးစီးဌာနနှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ် မီးသတ်ရေယာဉ်တို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှု ကြောင့် ၀၄၄၀နာရီအချိန်ခန်တွင် မီးညွှန်ကျိုး သွားပြီဖြစ်ကျောင်းသိရှိရသည်။
မီးလောင်ကျွမ်းခဲ့သည့် အလုပ်ရုံ(၃)ခုမှာ ဒေသခံဦးသက်လွင်၏ အလုပ်ရုံဖြစ်ပြီး မီးငြိမ်းသတ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စစ်ဆေးဆောင်ရွက်နေကြောင်း ကနဦးသတင်းများအရသိရှိရသည်။
Source-ရဲလင်းအောင်
>>Zawgyi<<
ရေလုပ်ငန်းလုပ်ကိုင်သည့် အလုပ်ရုံတစ်ခု မီးလောင်မှုဖြစ်ပွား(ကနဦးသတင်း)
Tuesday , February 18 , 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ယခုလ ၁၈ရက် နံနက် ၀၃၃၀ နာရီအချိန်က ငါး၊ ပုဇွန် အရောင်းအဝယ်ပြုလုပ်သည့် အဆောက်အဦးနှင့် ပစ္စည်းသိုလှောင်ရုံ(၁)ခု မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းများအရသိရှိရသည်။
မီးစတင်လောင်ကျွမ်းနေပြီ ဖြစ်ကြောင်းသိရှိရသည်နှင့် တပြိုင်နက် ဒေသခံပြည်သူများ၊ ဟိုင်းကြီး ကျွန်းမြို့ မီသတ်ဦးစီးဌာနနှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ် မီးသတ်ရေယာဉ်တို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှု ကြောင့် ၀၄၄၀နာရီအချိန်ခန်တွင် မီးညွှန်ကျိုး သွားပြီဖြစ်ကျောင်းသိရှိရသည်။
မီးလောင်ကျွမ်းခဲ့သည့် အလုပ်ရုံ(၃)ခုမှာ ဒေသခံဦးသက်လွင်၏ အလုပ်ရုံဖြစ်ပြီး မီးငြိမ်းသတ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စစ်ဆေးဆောင်ရွက်နေကြောင်း ကနဦးသတင်းများအရသိရှိရသည်။
Source-ရဲလင်းအောင်
0 comments:
Post a Comment