Wednesday, February 19, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပေးပို့သည့်သဝဏ်လွှာ

Image may contain: text

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-
ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခါ သမယတွင် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ချင်းတိုင်းရင်းသားများသည် တိဗက်မြန်မာအနွယ်ဝင်များဖြစ်ပြီး တိဗက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပျံ့နှံ့နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟုမှတ်သားရပါသည်။ အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်း တို့သည် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားတို့၏သင်္ကေတများဖြစ်ပါသည်။ တောင်ဇလပ်ပန်းသည် ရဲရဲနီပြီး သတ္တိနှင့်ရဲရင့်မှုကိုပြသကာတောင်စွန်း တောင်ဖျားများပေါ်တွင်ဝင့်ကြွားစွာပေါက်ရောက်တတ်သောကြောင့် ချင်းလူမျိုးတို့၏ရဲရင့်မှု၊သတ္တိရှိမှုနှင့်ဝင့်ကြွားမှုဟူသည့်လက်ရုံးရည်ကိုပြသခြင်းဖြစ်ပါသည်။ အောက်ချင်း ငှက်တို့သည် မေတ္တာတရားနှင့် သစ္စာတရားကြီးမားသောငှက်မျိုးဖြစ်သည့်အတွက် အောက်ချင်းငှက် သင်္ကေတသည်လည်း ချင်းလူမျိုးတို့၏ မေတ္တာတရားနှင့် သစ္စာတရားကြီးမားမှုကို ဖော်ညွှန်းလျက်ရှိပါသည်။ အောက်ချင်းငှက်ဖိုနှင့်ငှက်မတို့၏ သစ္စာတရားကြီးမားစွာဖြင့်ဥမကွဲ၊ သိုက်မပျက်အတူတကွနေထိုင်တတ် သည့်အလေ့ အကျင့်အတိုင်းပင် ချင်းလူမျိုးတို့သည် ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးတွင် ဥမကွဲ၊ သိုက်မပျက် အတူတကွလက်တွဲနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
ရှေးအတိတ်ကာလ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများတွင် ချင်းလူမျိုး မျိုးချစ် ပုဂ္ဂိုလ်ကြီးများ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ပြီး ချင်းတိုင်းရင်းသားများအား ခေါင်းဆောင်ကာ တိုက်ပွဲ ဝင်ခဲ့ကြသည့်ဗိုလ်ကြွန်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်းတို့သည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ချင်း တိုင်းရင်းသားခေါင်းဆောင်ကြီးများအဖြစ် ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများရှိခဲ့ပြီးဖြစ်ပါသည်။ နယ်ချဲ့ လက်အောက်ကျရောက်ခဲ့စဉ် ဗြိတိသျှအစိုးရထံမှ ချင်းလူမျိုးတို့၏အခွင့်အရေးနှင့် နစ်နာချက်များ တောင်းယူရန်အတွက် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်လူထုညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး မျိုးနွယ်စုအကြီးအကဲဖြစ်သော တိုက် သူကြီးများအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပါ သည်။ ထိုကဲ့သို့လူထုညီလာခံ ကျင်းပခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အဖြစ်ရွေးချယ်သတ်မှတ်အတည်ပြုခဲ့သည်မှာ ယခုဆိုလျှင် (၇၂)နှစ်မြောက် ခဲ့ပြီဖြစ်ပါ သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပြည်မနှင့်တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ချင်းအမျိုးသားကိုယ်စားလှယ် များဖြစ်သည့် ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့က ပါဝင်လက်မှတ်ရေးထိုး ခဲ့ကာ ချင်းအမျိုးသားများ၏ အမြော်အမြင်ကြီးမားမှုကို ပြသနိုင်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ကောင်းတူ၊ ဆိုးဖက်၊ အေးအတူပူအမျှ၊ ညီညီညွတ်ညွတ် နေထိုင်လာခဲ့သည်ကို တွေ့ရှိရပါသည်။
ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ကျွန်ုပ်တို့၏ ပြည်ထောင်စုကြီးအား ငြိမ်းချမ်းသာယာ ၀ပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေး (၃)ပါး ကို ဦးထိပ်ပန်ဆင်လျက် ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်း မြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန်တိုက်တွန်း နှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Image may contain: 1 person, sitting
Ref : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပေးပို့သည့်သဝဏ်လွှာ
Thursday , February 20 , 2020

0 comments:

Post a Comment