မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်ရှိ CB Bank တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ဓားပြတိုက်ပြီး ဗုံးထောင်ခဲ့မှုမှ လက်လုပ်ဗုံးမှာ အတုဟု သတင်းထွက်ပေါ်နေပြီး လက်ရှိချိန်ထိ ရဲတပ်ဖွဲ့ထံနှင့် သက်ဆိုင်ရာမှ အတည်ပြုချက် မရသေးကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်မှု ဖြစ်စဉ်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၇ ရက်) နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြမှု ကျူးလွန်သူမှာ ဘဏ်မဖွင့်မီ ဘဏ်၏ဘေးဘက် အပေါက်မှ ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် သေနတ်ပြ ပိုက်ဆံတောင်းယူချိန်တွင် ကျပ် ၁၀၀၀၀ တန်များကိုသာ တောင်းယူပြီး ဗုံးအား ခုံပေါ်တွင် တင်ထားခဲ့ကာ တက္ကစီ တစ်စင်းကို အသုံးပြု၍ ထွက်သွားခဲ့ကြောင်း သိရသည်။
ယင်း ဓားပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် CB Bank ၌ စုံစမ်း စစ်ဆေးမှုများနှင့် ဗုံးရှင်းလင်းရေး လုပ်ငန်းများ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ပြီးစီးခဲ့ပြီး သက်ဆိုင်ရာမှ တာဝန်ရှိသူများလည်း ပြန်လည်ထွက်ခွာ သွားပြီဖြစ်ကာ လက်ရှိတွင် အဆိုပါဘဏ်မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ CB Bank အတွင်း ထားခဲ့သည့် ဗုံးမှာ အတုဟုတ် မဟုတ် အတည်ပြုချက်ရရှိနိုင်ရန် မြောက်ဒဂုံမြို့မ ရဲစခန်းတွင် သတင်းမီဒီယာ အများအပြား သွားရောက် စောင့်ဆိုင်းနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ CB Bank ဓားပြတိုက်ခံရမှု ဖြစ်စဉ်ကြောင့် CB Bank နှင့် မျက်နှာချင်းဆိုင်နှင့် အနီးအနားရှိ ပုဂ္ဂလိကဘဏ် အချို့လည်း ခေတ္တပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

Ref : Eleven
>>Zawgyi<<
CB Bank အား ဓါးပြတိုက် ဗုံးထောင်သွားသူများမှာ ဘဏ်မဖွင့်မီ ဘဏ်၏ဘေးပေါက်မှဝင်လာခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့မှ တရားခံများအားဖမ်းဆီးရမိရေး အပူတပြင်း လိုက်လံရှာဖွေလျက်ရှိ
Friday , February 7 , 2020
မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်ရှိ CB Bank တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ဓားပြတိုက်ပြီး ဗုံးထောင်ခဲ့မှုမှ လက်လုပ်ဗုံးမှာ အတုဟု သတင်းထွက်ပေါ်နေပြီး လက်ရှိချိန်ထိ ရဲတပ်ဖွဲ့ထံနှင့် သက်ဆိုင်ရာမှ အတည်ပြုချက် မရသေးကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်မှု ဖြစ်စဉ်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၇ ရက်) နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြမှု ကျူးလွန်သူမှာ ဘဏ်မဖွင့်မီ ဘဏ်၏ဘေးဘက် အပေါက်မှ ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် သေနတ်ပြ ပိုက်ဆံတောင်းယူချိန်တွင် ကျပ် ၁၀၀၀၀ တန်များကိုသာ တောင်းယူပြီး ဗုံးအား ခုံပေါ်တွင် တင်ထားခဲ့ကာ တက္ကစီ တစ်စင်းကို အသုံးပြု၍ ထွက်သွားခဲ့ကြောင်း သိရသည်။
ယင်း ဓားပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် CB Bank ၌ စုံစမ်း စစ်ဆေးမှုများနှင့် ဗုံးရှင်းလင်းရေး လုပ်ငန်းများ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ပြီးစီးခဲ့ပြီး သက်ဆိုင်ရာမှ တာဝန်ရှိသူများလည်း ပြန်လည်ထွက်ခွာ သွားပြီဖြစ်ကာ လက်ရှိတွင် အဆိုပါဘဏ်မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ CB Bank အတွင်း ထားခဲ့သည့် ဗုံးမှာ အတုဟုတ် မဟုတ် အတည်ပြုချက်ရရှိနိုင်ရန် မြောက်ဒဂုံမြို့မ ရဲစခန်းတွင် သတင်းမီဒီယာ အများအပြား သွားရောက် စောင့်ဆိုင်းနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ CB Bank ဓားပြတိုက်ခံရမှု ဖြစ်စဉ်ကြောင့် CB Bank နှင့် မျက်နှာချင်းဆိုင်နှင့် အနီးအနားရှိ ပုဂ္ဂလိကဘဏ် အချို့လည်း ခေတ္တပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
Ref : Eleven

0 comments:
Post a Comment