ဆွေဇင်ထက်ကတော့ Miss Universe 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပါတယ်။ဒီပွဲကြီးမှာတော့ သူဟာ Lesbian တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အခုဆိုရင် မြန်မာပြည်အခြေစိုက် နယ်သာလန်နိုင်ငံသံရုံးမှ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ မြန်မာပြည်အခြေ စိုက် နယ်သာလန်သံရုံး အနေဖြင့် PROUD သူရဲကောင်းဆု ရရှိသူ မဆွေဇင်ထက်အား ဆုချီးမြှင့်ခွင့် ရသည့် အတွက် များစွာဝမ်းမြောက်ကျေနပ်မိပါသည်။ မဆွေဇင်ထက်သည် နိုင်ငံတကာ Miss Universe စတိတ်စင်ထက်တွင် မိမိ၏ ဖြစ်တည်မှုကို ဖွင့်ဟခဲ့သော လိင်တူချင်းချစ်ကြိုက်သူ အမျိုးသမီး အလှမယ် ဖြစ်ပါသည်။
ယခင် မည်သူတဦးတယောက်ကမျှ သူမကဲ့သို့ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပါ။ မြင်သာထင်သာရှိမှုသည် အလွန် အရေးကြီးပါသည်။ ယခုကဲ့သို့ မဆွေဇင်ထက်၏ ရဲရင့်သော လုပ်ရပ်သည် မြန်မာနိုင်ငံရှိ LGBTIQ အခွင့်အ ရေးနှင့် လှုပ်ရှားမှုများအတွက် များစွာ အထောက်အကူ ဖြစ်စေမည်မှာ အသေအချာပင်ဖြစ်ပါတယ် ဆိုပြီးတော့ ဂုဏ်ပြုရေးသားခဲ့ပါတယ်။
မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ယောက်ဖြစ်သလို ကိုယ့်ရဲ့ဖြစ်တည်မှုကိုယုံကြည်မှုရှိရှိဖွင့်ဟ ခဲ့တဲ့သူတစ်ယောက်ပါ။အခုလိုမျိုးဆုချီးမြှင့်ခံရတဲ့ဆွဇင်ထက်အတွက် ဂုဏ်ယူပါတယ်နော်...

Source - Swe Zin Htet
<zawgyi>
နယ်သာလန်သံရုံးမှ ချီးမြှင့်တဲ့ PROUD သူရဲကောင်းဆု ရရှိသွားတဲ့ အလှမယ် ဇင်ထက်
Tuesday, February 11 , 2020
ဆွေဇင်ထက်ကတော့ Miss Universe 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပါတယ်။ဒီပွဲကြီးမှာတော့ သူဟာ Lesbian တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အခုဆိုရင် မြန်မာပြည်အခြေစိုက် နယ်သာလန်နိုင်ငံသံရုံးမှ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ မြန်မာပြည်အခြေ စိုက် နယ်သာလန်သံရုံး အနေဖြင့် PROUD သူရဲကောင်းဆု ရရှိသူ မဆွေဇင်ထက်အား ဆုချီးမြှင့်ခွင့် ရသည့် အတွက် များစွာဝမ်းမြောက်ကျေနပ်မိပါသည်။ မဆွေဇင်ထက်သည် နိုင်ငံတကာ Miss Universe စတိတ်စင်ထက်တွင် မိမိ၏ ဖြစ်တည်မှုကို ဖွင့်ဟခဲ့သော လိင်တူချင်းချစ်ကြိုက်သူ အမျိုးသမီး အလှမယ် ဖြစ်ပါသည်။
ယခင် မည်သူတဦးတယောက်ကမျှ သူမကဲ့သို့ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပါ။ မြင်သာထင်သာရှိမှုသည် အလွန် အရေးကြီးပါသည်။ ယခုကဲ့သို့ မဆွေဇင်ထက်၏ ရဲရင့်သော လုပ်ရပ်သည် မြန်မာနိုင်ငံရှိ LGBTIQ အခွင့်အ ရေးနှင့် လှုပ်ရှားမှုများအတွက် များစွာ အထောက်အကူ ဖြစ်စေမည်မှာ အသေအချာပင်ဖြစ်ပါတယ် ဆိုပြီးတော့ ဂုဏ်ပြုရေးသားခဲ့ပါတယ်။
မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ယောက်ဖြစ်သလို ကိုယ့်ရဲ့ဖြစ်တည်မှုကိုယုံကြည်မှုရှိရှိဖွင့်ဟ ခဲ့တဲ့သူတစ်ယောက်ပါ။အခုလိုမျိုးဆုချီးမြှင့်ခံရတဲ့ဆွဇင်ထက်အတွက် ဂုဏ်ယူပါတယ်နော်
Source - Swe Zin Htet

0 comments:
Post a Comment