ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း တက်ရောက်လာခဲ့သည်။
ထိုအထဲတွင် ပြည်ထောင်စု ရှေ့နေချုပ် လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးထွန်းထွန်းဦး ဦးဆောင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးမိုးဇော်ဦး တို့ တက်ရောက်သည်ကို တွေ့ရသည်။
ထို့အတူ RCSS ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် အတွက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များလည်း တက်ရောက်နေသည်ကိုတွေ့ရသည်။
ထို့အပြင် အစိုးရနှင့် အပစ်ရပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် နေလျှက်ရှိကြောင်း သိရသည်။

Photo : Col.SaiNgern'Fb
>>Zawgyi<<
ငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရ (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ရသော တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် NCA အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ပုံရိပ်
Friday , February 7 , 2020
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း တက်ရောက်လာခဲ့သည်။
ထိုအထဲတွင် ပြည်ထောင်စု ရှေ့နေချုပ် လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးထွန်းထွန်းဦး ဦးဆောင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးမိုးဇော်ဦး တို့ တက်ရောက်သည်ကို တွေ့ရသည်။
ထို့အတူ RCSS ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် အတွက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များလည်း တက်ရောက်နေသည်ကိုတွေ့ရသည်။
ထို့အပြင် အစိုးရနှင့် အပစ်ရပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် နေလျှက်ရှိကြောင်း သိရသည်။
Photo : Col.SaiNgern'Fb

0 comments:
Post a Comment