Saturday, March 7, 2020

ကျောက်တော်မြို့တွင် AA ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်လာဂျီတစ်စီးမီးလောင်


Image may contain: one or more people, sky, outdoor and nature
ကျောက်တော်မြို့တွင် AA ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်လာဂျီတစ်စီးမီးလောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အထက်တင်းမကြီးကျေးရွာတွင် တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး ဆောင်ရွက်လျှက်ရှိရာ ရွာအပြင်ဘက်မှနေ၍ AA လက်နက်ကိုင် အဖွဲ့များမှ တပ်မတော်စစ်ကြောင်းရှိရာနေရာသို့ ပစ်ခတ်လိုက်သောကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်ဂျီတစ်စီးမီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

“ဖြစ်တာက ဒီနေ့မနက်ပိုင်းဖြစ်တာ တပ်စစ်ကြောင်းတွေက ရွာနားမှာလုံခြုံရေးလုပ်နေတာကို တောဘက်ကနေပစ်တာနဲ့တူတယ်၊ အသံကတောဘက်ကကြားလိုက်ရတာလေ၊ (၃)လုံးမြောက် ပစ်လိုက်တဲ့အချိန်မှာ အိမ်ပေါ်တည့်တည့်ကျပြီး အိမ်မီးလောင်တယ်၊ ထော်လာဂျီတစ်စီးမီးလောင်တယ်၊ လူထိခိုက်တာတော့မရှိဘူး” ဟု ဒေသခံ တစ်ဦးကပြောသည်။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းများမှစ၍ AA လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများပြင်းထန်လျှက်ရှိနေသည်။ လက်ရှိမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောက်ဦးရေ ၁၂၀၀၀၀ ကျော်ရှိနေပြီးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။
Source - May Yu News
<zawgyi>
ကျောက်တော်မြို့တွင် AA ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်လာဂျီတစ်စီးမီးလောင်
Sunday , March 8 , 2020

ကျောက်တော်မြို့တွင် AA ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်လာဂျီတစ်စီးမီးလောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အထက်တင်းမကြီးကျေးရွာတွင် တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး ဆောင်ရွက်လျှက်ရှိရာ ရွာအပြင်ဘက်မှနေ၍ AA လက်နက်ကိုင် အဖွဲ့များမှ တပ်မတော်စစ်ကြောင်းရှိရာနေရာသို့ ပစ်ခတ်လိုက်သောကျည်ကြောင့် နေအိမ်(၂)လုံးနှင့် ထော်ဂျီတစ်စီးမီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

“ဖြစ်တာက ဒီနေ့မနက်ပိုင်းဖြစ်တာ တပ်စစ်ကြောင်းတွေက ရွာနားမှာလုံခြုံရေးလုပ်နေတာကို တောဘက်ကနေပစ်တာနဲ့တူတယ်၊ အသံကတောဘက်ကကြားလိုက်ရတာလေ၊ (၃)လုံးမြောက် ပစ်လိုက်တဲ့အချိန်မှာ အိမ်ပေါ်တည့်တည့်ကျပြီး အိမ်မီးလောင်တယ်၊ ထော်လာဂျီတစ်စီးမီးလောင်တယ်၊ လူထိခိုက်တာတော့မရှိဘူး” ဟု ဒေသခံ တစ်ဦးကပြောသည်။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းများမှစ၍ AA လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများပြင်းထန်လျှက်ရှိနေသည်။ လက်ရှိမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောက်ဦးရေ ၁၂၀၀၀၀ ကျော်ရှိနေပြီးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။
Source - May Yu News

0 comments:

Post a Comment