Saturday, March 7, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အား သဝဏ်လွှာပေးပို့

Image may contain: text
ချစ်ခင်လေးစားရပါသော ပအိုဝ်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခါသမယတွင် ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတို့နှင့်ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော်၊ BC ၉၆၁ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ စနေနေ့ လမဝင်မီ နေထွက်ချိန်၊ ကောင်းကင်တစ်ခွင် နေလနှစ်ပါး ထိန်လင်းထွန်းပြောင်သောအချိန်ကောင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ဘုရင်ဖြစ်သော “သူရိယစန္ဒာ”ဟုအမည်ရှိသည့် မင်းကြီးကိုဖွားမြင်ခဲ့ပါသည်။ သူရိယစန္ဒာမင်းကြီးသည် ရှေးကပွင့်ပြီးသော မြတ်စွာဘုရားရှင်တို့နှင့် ဂေါတမမြတ်စွာ ဘုရားရှင်တို့၏ဓာတ်တော်၊ မွေတော်တို့ကိုစုပေါင်း၍ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်း၊ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသောခေတ်ကာလကို ဖန်တီးပေးခဲ့ကာ ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးခဲ့ခြင်းတို့ကြောင့် သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် ပအိုဝ်းတိုင်းရင်းသားတို့က လေးစားတန်ဖိုးထားခဲ့ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့အနေဖြင့် ထူးခြားသည့်သမိုင်းအစဉ်အလာကိုအကြောင်းပြု၍ သူရိယစန္ဒာမင်း၏မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ (ဒဲဉ်သီးလာဗွေ)အား ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၁)နှစ် မြောက်ခဲ့ပြီဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးယခင်ကရှိပြီးဖြစ်သော မွန်မြတ်သည့်အစဉ်အလာအတိုင်း ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြကာ မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့ကြသူများလည်းဖြစ်သည်။လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တိုင်ဖြစ်သည့် ပင်လုံညီလာခံတွင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ ပင်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးခဲ့ရာ ရှမ်းကော်မတီ(စော်ဘွားများ) အဖွဲ့မှ သထုံ(ဆီဆိုင်) စော်ဘွား (စပ်ခွန်ကြည်ကိုယ်စား) ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးဖြူ က လက်မှတ်ရေးထိုးခဲ့သည်ကို သမိုင်းမှတ်တမ်းများက ဂုဏ်ယူဖွယ်ရာ ဖော်ပြလျက်ရှိပေသည်။
လွတ်လပ်ရေးရပြီးနောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခံခဲ့ရမှုစနစ်ဆိုးကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း အထင်လွဲမှားကာ လက်နက်ကိုင်အဖွဲ့အသီးသီးပေါ်ပေါက်ခဲ့ရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည်လည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရှိနေခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စာပေယဉ်ကျေးမှုလုပ်ငန်းများ တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဂ) အရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါဥပဒေအရပေါ်ပေါက်လာသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးမှု ရလဒ်အသီးအပွင့်များကို ခံစားနေသည်ကိုလည်း များစွာဝမ်းမြောက်ဝမ်းသာဖြင့်တွေ့မြင်နေရပြီဖြစ်ပါသည်။ ယင်းအခြေအနေကို ညီနောင်ဘွား အားလုံးက ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်မည်ဖြစ်ပါသည်။ ဒေသဖွံဖြိုးရေးတွင် ပညာတက်များပေါကြွယ်ဝရေးသည် အဓိကကျသည့်အလျောက် မိမိတို့၏ရင်နှစ်သည်းချာသားသမီးများကို ပညာတတ်များဖြစ်အောင်သင်ကြားပေးကြပြီး ဒေသနှင့်ကိုက်ညီသည့် ခေတ်မီကုန်ထုတ်လုပ်ငန်းများကိုလုပ်ဆောင်ခြင်းဖြင့် ပအိုဝ်းဒေသ၏လူမှုစီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရပါမည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများနှင့်သက်ဆိုင်သောလုပ်ငန်းများတွင် မခိုမကပ်တစ်ယောက်တစ်လက်ဝိုင်းဝန်းကူညီ လုပ်ဆောင်လေ့ရှိပြီး အိုးသစ်အိမ်သစ်တည်ဆောက်ပါကလည်း သစ်၊ ဝါး ရှိသူက မရှိသူကို တတ်နိုင်သမျှပေးကမ်းကူညီလေ့ရှိပါသည်။ ထိုသို့အပြန်အလှန်ကူညီခြင်းကို ပအိုဝ်းဝေါဟာရ အရ “မာ့ပဒေါ့” ဟုခေါ်ဆိုပြီး “မာ့ပဒေါ့” ဓလေ့သည် လေးစားဖွယ်ရာဓလေ့တစ်ခုဖြစ်ပါသည်။
ရှေးယခင်ကတည်းကရှိခဲ့သော “မာ့ပဒေါ့” ဓလေ့နှင့်အညီ ပအိုဝ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့်လည်း မိမိတို့ပြည်ထောင်စုနိုင်ငံတော်ကြီးအားတည်ဆောက်ရာတွင် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရရှိသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်ရာဒေသများသည် ယခုအခါ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့မြင်ရလျက်ရှိပါသည်။ ကျွန်ုပ်တို့ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်လျက် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ်ကာ အစဉ်အလာကြီးမားသော ပအိုဝ်း အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး တိုးတက်သာယာဝပြောစေရန် ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
Image may contain: 1 person
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Source- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အား သဝဏ်လွှာပေးပို့
Sunday , March 8 , 2020

0 comments:

Post a Comment