Monday, March 9, 2020

AA အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူကိုနှိပ်စက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီး ဦးစိုးထက် ပြောကြား


Image may contain: 1 person, sitting and indoor
AA လက်နက်ကိုင်အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူလူထုကိုနှိပ်စက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားလိုက်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံများစားနပ်ရိက္ခာပြတ်လပ်နေကြခြင်းနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနကဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။

“ လက်ရှိမှာ AA အဖွဲ့ရဲ့လုပ်ရပ်တွေကတရားလွန်ပါပြီ။ လက်နက်ကိုင်ပြီးတော့လူထုကိုနှိပ်စက်နေတာပါပဲ။ အခုဒီမှာပြည်သူတွေက စားဝတ်နေရေးအတွက် အခက်အခဲလည်းတော်တော်ဖြစ်နေပြီ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြားတိုက်ပွဲများမှာ ရခိုင်ပြည်နယ်တွင်သာမက ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်ပါ ဖြစ်ပွားနေခြင်းဖြစ်သည်။

“လက်ရှိတိုက်ပွဲတွေကြောင့်ပြည်သူတွေမှာစားစရာဆန်တောင်မရှိတော့ပါဘူး။ ဆန်ပြုတ်သောက်နေရတဲ့ အခြေအနေမှာပါ။ ဆန်တစ်အိတ်ကိုလည်း ၁၀၀၀၀၀ ကျပ်ကနေ ၁၂၀၀၀၀ ကျပ်အထိရှိနေပါတယ်။ အဲဒါကိုတောင် ဝယ်ချင်တိုင်းဝယ်လို့မရပါဘူး” ဟု ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ညမထွက်ရပုဒ်မ- ၁၄၄ ကို ယနေ့(မတ်လ ၉ ရက်)နေ့စွဲဖြင့် တတိယအကြိမ်ထပ်မံထုတ်ထားကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းဝန်းကျင်ရှိပြီး ခူမီးချင်းလူမျိုး၊ ရခိုင်လူမျိုး၊ အိန္ဒိယနွယ်ဖွားတို့နေထိုင်ကြကြောင်း သိရသည်။

Ref : Akonthi

>>Zawgyi<<

AA အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူကိုနှိပ်စက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီး ဦးစိုးထက် ပြောကြား
Tuesday, March 10, 2020

AA လက်နက်ကိုင်အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူလူထုကိုနှိပ်စက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားလိုက်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံများစားနပ်ရိက္ခာပြတ်လပ်နေကြခြင်းနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနကဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။

“ လက်ရှိမှာ AA အဖွဲ့ရဲ့လုပ်ရပ်တွေကတရားလွန်ပါပြီ။ လက်နက်ကိုင်ပြီးတော့လူထုကိုနှိပ်စက်နေတာပါပဲ။ အခုဒီမှာပြည်သူတွေက စားဝတ်နေရေးအတွက် အခက်အခဲလည်းတော်တော်ဖြစ်နြေပီ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြားတိုက်ပွဲများမှာ ရခိုင်ပြည်နယ်တွင်သာမက ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်ပါ ဖြစ်ပွားနေခြင်းဖြစ်သည်။

“လက်ရှိတိုက်ပွဲတွေကြောင့်ြပည်သူတွေမှာစားစရာဆန်တောင်မရှိတော့ပါဘူး။ ဆန်ပြုတ်သောက်နေရတဲ့ အခြေအနေမှာပါ။ ဆန်တစ်အိတ်ကိုလည်း ၁၀၀၀၀၀ ကျပ်ကနေ ၁၂၀၀၀၀ ကျပ်အထိရှိနေပါတယ်။ အဲဒါကိုတောင် ဝယ်ချင်တိုင်းဝယ်လို့မရပါဘူး” ဟု ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ညမထွက်ရပုဒ်မ- ၁၄၄ ကို ယနေ့(မတ်လ ၉ ရက်)နေ့စွဲဖြင့် တတိယအကြိမ်ထပ်မံထုတ်ထားကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းဝန်းကျင်ရှိပြီး ခူမီးချင်းလူမျိုး၊ ရခိုင်လူမျိုး၊ အိန္ဒိယ နွယ်ဖွားတို့နေထိုင်ကြကြောင်း သိရသည်။

Ref : Akonthi

0 comments:

Post a Comment