Monday, March 9, 2020

ပဲခူးတိုင်းဝန်ကြီးချုပ်၏ "တပ်မတော်အာဏာသိမ်းအောင် ပြည်သူများဖန်တီးခဲ့ကြခြင်းဖြစ်ကြောင်း"ပြောဆိုမှုအပေါ် အရေးယူပေးရန် ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ချုပ်)တောင်းဆို

Image may contain: 8 people, people on stage, people standing, child and indoor

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ တပ်မတော်အာဏာသိမ်းအောင် ပြည်သူများဖန်တီးခဲ့ကြခြင်းဟု ပြောဆိုခဲ့မှုအပေး ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ချုပ်)က ကန့်ကွက်လိုက်ပြီး အရေးယူပေးရန်တောင်းဆိုကြောင်း မတ်လ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကျောက်တံခါးမြို့နယ် ၊ သရက်စိန်ကျေးရွာ ၊ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆင်ဖလုပ် ၊ဆားပြင် ၊ တူမောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်ပါအကြောင်းအရာကို ထည့်သွင်းပြောဆိုခဲ့ခြင်းကို ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
“နောက်တစ်ဆင့်အနေနဲ့ ပဲခူးတိုင်း NLD ကို အရေးယူပေးဖို့ ကျွန်တော်တို့ စာတင်ပါမယ်။အဓိကက သူ့ရဲ့ပြောစကားတွေအပေါ် တောင်းပန်ခိုင်းတာပါ”ဟု ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ညီညီသွင် ကပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောဆိုမှုသည် ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ၊ ကျောင်းသားပြည်သူတစ်ရပ်လုံးနှင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအရေးတော်ပုံများအား စော်ကားခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးအား ဝန်ချတောင်းပန်ရန် ကြေညာချက်တွင် ရေးသားထားသည်။
တော်လှန်ရေးကောင်စီခေတ်မှစတင်ကာ ခေတ်အဆက်ဆက် မြန်မာနိုင်ငံဆင်းရဲမွဲတေသွားခြင်းနှင့် ပတ်သက်ပြီး အာဏာရှင်စနစ်ကိုသာ လက်ညှိုးထိုးနေကြခြင်းကို ဝန်ကြီးချုပ်က ပြောဆိုထောက်ပြခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၁၉ ခုနှစ်ကလည်း နတ်တလင်းမြို့နယ် ၊ ဒမငယ်ကျေးရွာ လူထုတွေ့ဆုံပွဲတွင် ဆရာမများကို ဒေသခံလူငယ်များက ချစ်စကားပြောဆိုခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တောင်းပန်မှုများပြုလုပ်ခဲ့ရသေးသည်။
Image may contain: 1 person, indoor
Image may contain: 4 people, people standing and indoor
Ref : TheVoice
>>Zawgyi<<
ပဲခူးတိုင်းဝန်ကြီးချုပ်၏ "တပ်မတော်အာဏာသိမ်းအောင် ပြည်သူများဖန်တီးခဲ့ကြခြင်းဖြစ်ကြောင်း"ပြောဆိုမှုအပေါ် အရေးယူပေးရန် ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ချုပ်)တောင်းဆို
Tuesday, March 10, 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ တပ်မတော်အာဏာသိမ်းအောင် ပြည်သူများဖန်တီးခဲ့ကြခြင်းဟု ပြောဆိုခဲ့မှုအပေး ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ချုပ်)က ကန့်ကွက်လိုက်ပြီး အရေးယူပေးရန်တောင်းဆိုကြောင်း မတ်လ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
ကျောက်တံခါးမြို့နယ် ၊ သရက်စိန်ကျေးရွာ ၊ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆင်ဖလုပ် ၊ဆားပြင် ၊ တူမောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်ပါအကြောင်းအရာကို ထည့်သွင်းပြောဆိုခဲ့ခြင်းကို ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
“နောက်တစ်ဆင့်အနေနဲ့ ပဲခူးတိုင်း NLD ကို အရေးယူပေးဖို့ ကျွန်တော်တို့ စာတင်ပါမယ်။အဓိကက သူ့ရဲ့ပြောစကားတွေအပေါ် တောင်းပန်ခိုင်းတာပါ”ဟု ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ညီညီသွင် ကပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောဆိုမှုသည် ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ၊ ကျောင်းသားပြည်သူတစ်ရပ်လုံးနှင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအရေးတော်ပုံများအား စော်ကားခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးအား ဝန်ချတောင်းပန်ရန် ကြေညာချက်တွင် ရေးသားထားသည်။
တော်လှန်ရေးကောင်စီခေတ်မှစတင်ကာ ခေတ်အဆက်ဆက် မြန်မာနိုင်ငံဆင်းရဲမွဲတေသွားခြင်းနှင့် ပတ်သက်ပြီး အာဏာရှင်စနစ်ကိုသာ လက်ညှိုးထိုးနေကြခြင်းကို ဝန်ကြီးချုပ်က ပြောဆိုထောက်ပြခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၁၉ ခုနှစ်ကလည်း နတ်တလင်းမြို့နယ် ၊ ဒမငယ်ကျေးရွာ လူထုတွေ့ဆုံပွဲတွင် ဆရာမများကို ဒေသခံလူငယ်များက ချစ်စကားပြောဆိုခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တောင်းပန်မှုများပြုလုပ်ခဲ့ရသေးသည်။
Ref : TheVoice

0 comments:

Post a Comment