Tuesday, March 10, 2020

အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း ပုဒ်မခွဲ(၂)ခုသာ ပြင်ဆင်ဖို့ထောက်ခံမဲရရှိမှုအခြေအနေ

No photo description available.

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမနေ့အဖြစ် ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ ၄၃၆ (က )ပုဒ်မပုဒ်မခွဲ (၁၄ ) ခုကို လျှို့ဝှက်မဲခွဲဆုံးဖြတ်တဲ့အချိန် ပုဒ်မ(၂)ခုပဲ (၇၅)ရာခိုင်နှုန်းကျော်နဲ့ ပြင်ဆင်ဖို့ မဲရရှိခဲ့ပါတယ်။

ပုဒ်မ (၃၂-က)၊ ပုဒ်မ (၃၂-ခ) နှစ်ခုသာ ထောက်ခံမဲ (၇၅) ရာခိုင်နှုန်းကျော်ခဲ့တာဖြစ်ပါတယ်။
အဲဒီပုဒ်မ(၂)ခုကတော့ ကျဆုံးတပ်မတော်သားတွေရဲ့ မိသားစုတွေနဲ့ မသန်စွမ်းဖြစ်သွားတဲ့ တပ်မတော်သား တွေကို ကူညီဖို့နဲ့ "မသန်မစွမ်း"ဆိုတဲ့စကားလုံးအစား "မသန်စွမ်း" လို့ပြောင်းမယ့် ပုဒ်မ နှစ်ခုဖြစ်ပါတယ်။
ဒီနေ့မဲပေးခဲ့တဲ့ ပုဒ်မတွေကတော့ ပုဒ်မ (၅) ၊ ပုဒ်မ (၆-ဃ)၊ ပုဒ်မ (၆-စ) ၊ပုဒ်မ(၇) ပုဒ်မ (၈) ၊ ပုဒ်မ(၁၄) ၊ ပုဒ်မ (၁၇-ခ) ၊ ပုဒ်မ (၂၀-ဂ)၊ ပုဒ်မ(၂၆-က)၊ ပုဒ်မ (၃၂-က)၊ ပုဒ်မ (၃၂-ခ) ၊ ပုဒ်မ(၃၉)၊ ပုဒ်မ (၄၀-ခ)နဲ့ (၄၀-ဂ)တို့ ဖြစ်ပါတယ်။
အဲဒီပုဒ်မတွေကိုပြင်ချင်ရင် လွှတ်တော်ထဲကနေ ထောက်ခံမဲ (၇၅)ရာခိုင်နှုန်းကျော်၊ (၄၉၁)ယောက်က ထောက်ခံမှ ရမှာပါ။
ဒီနေ့မှာတော့ လွှတ်တော် အစည်းအဝေးမှာ ရွေးကောက်ခံအမတ်(၂၁)ယောက်က ခွင့်တိုင်ထားပြီး တက်ရောက်သူ စုစုပေါင်းကိုယ်စားလှယ်(၆၃၃)ယောက် ရှိပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က )ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့ပြဌာန်းချက်ဖြစ်ပါတယ်။
၄၃၆ (က ) အောက်က ပုဒ်မပုဒ်မခွဲတွေကို ပြင်ဆင်ချင်ရင်တော့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ လက်ခံသဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော်ရဲ့မဲနဲ့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
(ပုံထဲမှာ အမှန်ပြထားတဲ့ ပုဒ်မတွေက ပြင်ဆင်ဖို့ (၇၅)ရာခိုင်နှုန်းကျော်ထောက်ခံမဲရခဲ့တဲ့ ပုဒ်မခွဲတွေဖြစ်ပြီး အမှား ပြထားတာတွေကတော့ မူလအတိုင်းထားမယ့် ပုဒ်မ၊ ပုဒ်မခွဲတွေဖြစ်ပါတယ်။
No photo description available.
No photo description available.
Ref : O Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment