Tuesday, March 10, 2020

“အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ”ဟု အစားထိုးရန်နှင့် “မသန်မစွမ်း” ဟူသော စကားရပ်အား “မသန်စွမ်း” ဟု အစားထိုးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

Image may contain: text
“အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ”ဟု အစားထိုးရန်နှင့် “မသန်မစွမ်း” ဟူသော စကားရပ်အား “မသန်စွမ်း” ဟု အစားထိုးရန်အတွက် ယနေ့ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုကြေညာလိုက်သည်။ 
အဆိုပါ ပြင်ဆင်ချက်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၇၅% ကျော်လွန်သဖြင့် ပြင်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ (က) တွင် နိုင်ငံတော်သည် မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအားကြည့်ရှု စောင့်ရှောက်ရမည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၂ (ခ) တွင် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများ အား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန် အသက်မွေးပညာကို အလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပြီး NLD ပါတီမှ အဆိုပြုသည့် ပြင်ဆင်ချက်တွင် “အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ” ဟု အစားထိုးထားကာ “မသန်မစွမ်း” ဟူသော စကားရပ်အစား “မသန်စွမ်း” ဟု အစားထိုးထားသည်။
အဆိုပါ ပုဒ်မ ၂ ခုအား ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၅၈၄ မဲနှင့် ၅၈၆ မဲ အသီးသီး ရရှိပြီး ၇၅ ရာခိုင်နှုန်းကျော်သဖြင့် ပြင်ဆင်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#Zawgyi
“အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ” ဟု အစားထိုးရန်နှင့် “မသန်မစွမ်း” ဟူသော စကားရပ်အား “မသန်စွမ်း” ဟု အစားထိုးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

“အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ” ဟု အစားထိုးရန်နှင့် “မသန်မစွမ်း” ဟူသော စကားရပ်အား “မသန်စွမ်း” ဟု အစားထိုးရန် အတွက် ယနေ့ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုကြေညာလိုက်သည်။ အဆိုပါ ပြင်ဆင်ချက်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၇၅% ကျော်လွန်သဖြင့် ပြင်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ (က) တွင် နိုင်ငံတော်သည် မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအားကြည့်ရှု စောင့်ရှောက်ရမည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၂ (ခ) တွင် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများ အား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန် အသက်မွေးပညာကို အလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပြီး NLD ပါတီမှ အဆိုပြုသည့် ပြင်ဆင်ချက်တွင် “အိုမင်းမစွမ်းသူများ” စကားရပ်အစား “သက်ကြီးရွယ်အိုများ” ဟု အစားထိုးထားကာ “မသန်မစွမ်း” ဟူသော စကားရပ်အစား “မသန်စွမ်း” ဟု အစားထိုးထားသည်။
အဆိုပါ ပုဒ်မ ၂ ခုအား ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၅၈၄ မဲနှင့် ၅၈၆ မဲ အသီးသီး ရရှိပြီး ၇၅ ရာခိုင်နှုန်းကျော်သဖြင့် ပြင်ဆင်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PyidaungsuHluttaw #Constitution2008

0 comments:

Post a Comment