Thursday, March 5, 2020

လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်လည်ရုပ်သိမ်း

Image may contain: 3 people, people sitting and people standing

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက် စီးနင်း လုပ်ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ လန်ဒန်မြို့ တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းပြန်ကြားဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

“ ၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မြို့တော် ကော်ပိုရေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် လွတ် မြောက်ရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးအပေါ် အကောင်းမြင်နေကြပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေ တည်ရှိရာ City of London ရဲ့ Corporation ကတော့ မြန်မာနိုင်ငံကို စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်းတရပ်အဖြစ် ရှုမြင်ခဲ့ကြပြီး၊ ဒီဆု ချီးမြှင့်လိုက်ခြင်းအားဖြင့် စီး ပွားရေးဆက်ဆံမှု ပိုမို အဆင်ပြေ လာလိမ့်မယ် လို့လည်း ယူဆခဲ့ကြတာပါ။”
Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ဇန်နဝါရီလထဲမှာ ကောင်စီအဖွဲ့ ဝင်တွေ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် မရုပ်သိမ်းသေးပဲ ဆိုင်းငံ့ထားခဲ့တာပါ။ အဲဒီလိုရုပ်သိမ်းဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချခင် ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးသား အကြောင်းကြားခဲ့ပါတယ်။
ဒီဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ကောင်စီဝင်တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား Munsur Ali က အဆိုပြုခဲ့ပြီး၊ Common Council တရားရုံးမှာ အခြေအတင် ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၉ ထဲ ရုံးတော်က အမိန့်ချခဲ့တာဖြစ်ပါတယ်။
Source - voa
<zawgyi>
လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်လည်ရုပ်သိမ်း
Friday , March 6 , 2020

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူး ဆောင်ဆုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက် စီးနင်း လုပ်ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ လန်ဒန်မြို့ တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်ကအ ကြောင်း ပြန်ကြားဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
“ ၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မြို့တော် ကော်ပိုရေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် လွတ် မြောက်ရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးအပေါ် အကောင်းမြင်နေကြပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေ တည်ရှိရာ City of London ရဲ့ Corporation ကတော့ မြန်မာနိုင်ငံကို စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်းတရပ်အဖြစ် ရှုမြင်ခဲ့ကြပြီး၊ ဒီဆု ချီးမြှင့်လိုက်ခြင်းအားဖြင့် စီး ပွားရေးဆက်ဆံမှု ပိုမို အဆင်ပြေ လာလိမ့်မယ် လို့လည်း ယူဆခဲ့ကြတာပါ။”
Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ဇန်နဝါရီလထဲမှာ ကောင်စီအဖွဲ့ ဝင်တွေ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် မရုပ်သိမ်းသေးပဲ ဆိုင်းငံ့ထားခဲ့တာပါ။ အဲဒီလိုရုပ်သိမ်းဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချခင် ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးသား အကြောင်းကြားခဲ့ပါတယ်။
ဒီဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ကောင်စီဝင်တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား Munsur Ali က အဆိုပြုခဲ့ပြီး၊ Common Council တရားရုံးမှာ အခြေအတင် ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၉ ထဲ ရုံးတော်က အမိန့်ချခဲ့တာဖြစ်ပါတယ်။
Source - voa

0 comments:

Post a Comment