Thursday, March 5, 2020

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက် မူးယစ်ဆေးဝါးများချက်လုပ်သည့် နေရာတွင် အလုပ်လုပ်ကိုင်သူ ၂ ဦးအား ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးနိုင်ရန်ဆောင်ရွက်

Image may contain: outdoor and nature

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်ခမ်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မူးယစ် ဆေးဝါးချက်လုပ်သည့်နေရာများအား ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ ၎င်းနေရာများတွင် အလုပ်လုပ်ကိုင်ဖူးသည့် မန်ပြိန်းကျေးရွာနေ ဘောမ်တိမ်း(ဘ)ဦးကျန်းဘောမ်နှင့် ထန်ပေါင်(ဘ)ဦးဇုန်ထန်တို့ ၂ ဦးအား ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၆ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦးအား စိစစ်ဖော်ထုတ်ချက်များအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သူ ဦးလျှိုပါ့ (ဘ)ဦးလျှိုအယ် ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၁၅ ခုနှစ်ခန့်တွင် ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ၊ ကချင်ရွာသစ်(တိုးချဲ့ကွက်သစ်)သို့ ပြောင်းရွှေ့ လာခဲ့ပြီး မီးဖိုဆောင်နှင့် ကားဂိုဒေါင်ပါ RC တစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်၍ မိသားစု ၃ ဦး/ ၄ ဦးခန့် နေထိုင်ကြောင်း၊ ကချင်ရွာသစ်တွင် RC တစ်ထပ်တိုက်၊ ကားဂိုဒေါင်နှင့် ၃ ဧက ခန့်ရှိ ငါးကန်ပါခြံဝန်း၌ မူးယစ်ဆေးဝါးချက်လုပ်သည့် တရုတ်ပညာရှင်များ၊ တရုတ်အလုပ်သမားများနေထိုင်ကြောင်း၊ လွယ်ခမ်ရွာ၊ ကချင်ရွာသစ်(တိုးချဲ့ကွက်သစ်)တို့တွင် အလျား ၃၀၀ ပေ၊ အနံ ၂၀၀ ပေရှိ မြေကွက်အား ခြံစည်းရိုးကာရံ၍ ၆ ဘီးကား၊ ၁၂ ဘီး ကား၊ တွဲကားများ ထားရှိပြီး စုစုပေါင်းနေအိမ်ပါ ခြံဝန်း ၂ ခုနှင့် ခြံစည်းရိုးခတ် မြေကွက် ၁ ကွက်တို့အား ပိုင်ဆိုင်သူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ဦးလျှိုပါ့ ၏ မန်နေဂျာဖြစ်သူ တရုတ်လူမျိုး တစ်ဦးမှ ဘောမ်တိမ်းအား တဲဆောက်ရန်အတွက် အလုပ်သမားအသစ်ခေါ်ယူသဖြင့် ဘောမ်တိမ်းက တစ်ရွာတည်းနေ ခင်မင်ရင်းနှီးသူ ထန်ပေါင်အားခေါ်ဆောင်၍ မန်ပြိန်းကျေးရွာ၏ အနောက် ဘက်ရှိ မူးယစ်ဆေးဝါးချက် လုပ်သည့်နေရာ ၃ နေရာ၌ မူးယစ်ဆေးဝါးစက်ရုံတည်ဆောက်ရန်အတွက် မြေညှိခြင်း၊ လူနေတဲများတည်ဆောက်ခြင်းနှင့် မူးယစ်ဆေးဝါးချက်စက်ရုံ တည်ဆောက်ခြင်းတို့ အား ကျန်သည့် တရုတ်လူမျိုးအလုပ်သမားများနှင့်အတူ ၁၇ ရက်ခန့်ဆောက်လုပ်ပေးခဲ့ရာ ၎င်းင်းတို့ ၂ ဦးမှာ တစ်ရက်လျှင် လုပ်အားခ တစ်ဦးလျှင် ၂၅၀၀၀ ကျပ်စီရရှိခဲ့ကြောင်း၊ အဆောက်အဦးများ ဆောက်လုပ်ပြီးစီး သည့်နောက် ယုံကြည်မှုရရှိခဲ့ပြီး တရုတ်လူမျိုး ပေါလန် ဆိုသူမှ ၎င်းတို့ ၂ ဦးအား စက်ရုံလုပ်သားများအတွက် အသား၊ ငါးဝယ်ယူခြင်း၊ ကြက်၊ ဝက်များအား ရိက္ခာအတွက် သတ်ဖြတ်ပေးခြင်းနှင့် ကျွေးမွေးရေး တာဝန်တို့ အား လုပ်ကိုင်စေခဲ့ကြောင်းနှင့် ချက်ပြုတ်ရေးတာဝန်အား အသက်ကြီးကြီးတရုတ်လူမျိုး ၂ ဦးမှ လုပ်ကိုင် ကြောင်း၊ မူးယစ်ဆေးဝါးစက်ရုံ ၃ နေရာတွင် တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိ ပြီး ၎င်းင်းတို့ ၂ ဦးမှာ တစ်နေရာနှင့်တစ်နေရာ သွားလာ၍မရကြောင်း၊ မူးယစ်ဆေးဝါး စက်ရုံ ၃ ခုအား ၂ လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့် တရုတ်နှစ်ကူးမတိုင်ခင် စက်ရုံများ ပိတ်သိမ်းခဲ့သဖြင့် ၎င်းင်းတို့ ၂ ဦးမှာ နေအိမ်သို့ ပြန်ကာ မိသားစုနှင့်အတူ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
စိစစ်ဖော်ထုတ်ချက်အရ ၎င်းနေရာအား လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း တွင် သွားရောက်ရှာဖွေစစ်ဆေးရာ ၂ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦး ပျက် ၉ လုံး၊ စားချက်တဲ အဆောက်အဦပျက် ၁ လုံးနှင့်အတူ ICE နှင့် စိတ်ကြွဆေးပြားချက်လုပ်သည့် စက်ရုံဟောင်းနေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ ရေအားလျှပ်စစ် ဘွိုင်လာ ၁ လုံး၊ အက်ဆစ်ပုံး ၁၅ လုံး၊ တိုင်ကီအလွတ် ၃ လုံးနှင့် ဘိန်းဖြူချက်လုပ်သည့် စက်ရုံဟောင်း နေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦပျက် ၇ လုံး၊ စားချက်ဆောင် အဆောက်အဦပျက် ၁ လုံးတို့အား တွေ့ရှိရပြီး ၎င်းနေရာအား မြေညှိဖျက်ဆီးထား သည့် စက်ရုံဟောင်းနေရာတစ်ခုတို့အား လည်းကောင်း တွေ့ရှိခဲ့ရသည်။
သို့ဖြစ်၍ အဆိုပါ ကောင်းခါးကျေးရွာနှင့်လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိက တရားခံမှာ စက်ရုံပိုင်ရှင် ဦးလျှိုပါ့ ဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရေးအတွက် ၂ လခွဲခန့်သာ လုပ်ကိုင်၍ စက်ရုံဖျက်သိမ်းကာ ဆက်စပ်ပစ္စည်းများအား ၎င်းနေထိုင်သည့် လွယ်ခမ်ကျေးရွာတွင် သို၀ှက်ကာ မိသားစုနှင့် အတူ နေထိုင်လျက်ရှိရာမှ တပ်မတော်စစ်ကြောင်းများက မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများအား လိုက်လံ ရှင်းလင်းသည့် အချိန်တွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာသို့အပ်နှံ၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကတရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: outdoor
Image may contain: tree, outdoor and nature
Image may contain: tree, sky, plant, outdoor and nature
Image may contain: one or more people, tree, plant, outdoor and nature
Image may contain: outdoor, nature and water
သတင်းစဉ်
<zawgyi>
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက် မူးယစ်ဆေးဝါးများချက်လုပ်သည့် နေရာတွင် အလုပ်လုပ်ကိုင်သူ ၂ ဦးအား ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးနိုင်ရန်ဆောင်ရွက်
Friday , March 6 , 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်ခမ်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မူးယစ် ဆေးဝါးချက်လုပ်သည့်နေရာများအား ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ ၎င်းနေရာများတွင် အလုပ်လုပ်ကိုင်ဖူးသည့် မန်ပြိန်းကျေးရွာနေ ဘောမ်တိမ်း(ဘ)ဦးကျန်းဘောမ်နှင့် ထန်ပေါင်(ဘ)ဦးဇုန်ထန်တို့ ၂ ဦးအား ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၆ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူ ၂ ဦးအား စိစစ်ဖော်ထုတ်ချက်များအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သူ ဦးလျှိုပါ့ (ဘ)ဦးလျှိုအယ် ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၁၅ ခုနှစ်ခန့်တွင် ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ၊ ကချင်ရွာသစ်(တိုးချဲ့ကွက်သစ်)သို့ ပြောင်းရွှေ့ လာခဲ့ပြီး မီးဖိုဆောင်နှင့် ကားဂိုဒေါင်ပါ RC တစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်၍ မိသားစု ၃ ဦး/ ၄ ဦးခန့် နေထိုင်ကြောင်း၊ ကချင်ရွာသစ်တွင် RC တစ်ထပ်တိုက်၊ ကားဂိုဒေါင်နှင့် ၃ ဧက ခန့်ရှိ ငါးကန်ပါခြံဝန်း၌ မူးယစ်ဆေးဝါးချက်လုပ်သည့် တရုတ်ပညာရှင်များ၊ တရုတ်အလုပ်သမားများနေထိုင်ကြောင်း၊ လွယ်ခမ်ရွာ၊ ကချင်ရွာသစ်(တိုးချဲ့ကွက်သစ်)တို့တွင် အလျား ၃၀၀ ပေ၊ အနံ ၂၀၀ ပေရှိ မြေကွက်အား ခြံစည်းရိုးကာရံ၍ ၆ ဘီးကား၊ ၁၂ ဘီး ကား၊ တွဲကားများ ထားရှိပြီး စုစုပေါင်းနေအိမ်ပါ ခြံဝန်း ၂ ခုနှင့် ခြံစည်းရိုးခတ် မြေကွက် ၁ ကွက်တို့အား ပိုင်ဆိုင်သူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ဦးလျှိုပါ့ ၏ မန်နေဂျာဖြစ်သူ တရုတ်လူမျိုး တစ်ဦးမှ ဘောမ်တိမ်းအား တဲဆောက်ရန်အတွက် အလုပ်သမားအသစ်ခေါ်ယူသဖြင့် ဘောမ်တိမ်းက တစ်ရွာတည်းနေ ခင်မင်ရင်းနှီးသူ ထန်ပေါင်အားခေါ်ဆောင်၍ မန်ပြိန်းကျေးရွာ၏ အနောက် ဘက်ရှိ မူးယစ်ဆေးဝါးချက် လုပ်သည့်နေရာ ၃ နေရာ၌ မူးယစ်ဆေးဝါးစက်ရုံတည်ဆောက်ရန်အတွက် မြေညှိခြင်း၊ လူနေတဲများတည်ဆောက်ခြင်းနှင့် မူးယစ်ဆေးဝါးချက်စက်ရုံ တည်ဆောက်ခြင်းတို့ အား ကျန်သည့် တရုတ်လူမျိုးအလုပ်သမားများနှင့်အတူ ၁၇ ရက်ခန့်ဆောက်လုပ်ပေးခဲ့ရာ ၎င်းင်းတို့ ၂ ဦးမှာ တစ်ရက်လျှင် လုပ်အားခ တစ်ဦးလျှင် ၂၅၀၀၀ ကျပ်စီရရှိခဲ့ကြောင်း၊ အဆောက်အဦးများ ဆောက်လုပ်ပြီးစီး သည့်နောက် ယုံကြည်မှုရရှိခဲ့ပြီး တရုတ်လူမျိုး ပေါလန် ဆိုသူမှ ၎င်းတို့ ၂ ဦးအား စက်ရုံလုပ်သားများအတွက် အသား၊ ငါးဝယ်ယူခြင်း၊ ကြက်၊ ဝက်များအား ရိက္ခာအတွက် သတ်ဖြတ်ပေးခြင်းနှင့် ကျွေးမွေးရေး တာဝန်တို့ အား လုပ်ကိုင်စေခဲ့ကြောင်းနှင့် ချက်ပြုတ်ရေးတာဝန်အား အသက်ကြီးကြီးတရုတ်လူမျိုး ၂ ဦးမှ လုပ်ကိုင် ကြောင်း၊ မူးယစ်ဆေးဝါးစက်ရုံ ၃ နေရာတွင် တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိ ပြီး ၎င်းင်းတို့ ၂ ဦးမှာ တစ်နေရာနှင့်တစ်နေရာ သွားလာ၍မရကြောင်း၊ မူးယစ်ဆေးဝါး စက်ရုံ ၃ ခုအား ၂ လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့် တရုတ်နှစ်ကူးမတိုင်ခင် စက်ရုံများ ပိတ်သိမ်းခဲ့သဖြင့် ၎င်းင်းတို့ ၂ ဦးမှာ နေအိမ်သို့ ပြန်ကာ မိသားစုနှင့်အတူ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
စိစစ်ဖော်ထုတ်ချက်အရ ၎င်းနေရာအား လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း တွင် သွားရောက်ရှာဖွေစစ်ဆေးရာ ၂ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦး ပျက် ၉ လုံး၊ စားချက်တဲ အဆောက်အဦပျက် ၁ လုံးနှင့်အတူ ICE နှင့် စိတ်ကြွဆေးပြားချက်လုပ်သည့် စက်ရုံဟောင်းနေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ ရေအားလျှပ်စစ် ဘွိုင်လာ ၁ လုံး၊ အက်ဆစ်ပုံး ၁၅ လုံး၊ တိုင်ကီအလွတ် ၃ လုံးနှင့် ဘိန်းဖြူချက်လုပ်သည့် စက်ရုံဟောင်း နေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦပျက် ၇ လုံး၊ စားချက်ဆောင် အဆောက်အဦပျက် ၁ လုံးတို့အား တွေ့ရှိရပြီး ၎င်းနေရာအား မြေညှိဖျက်ဆီးထား သည့် စက်ရုံဟောင်းနေရာတစ်ခုတို့အား လည်းကောင်း တွေ့ရှိခဲ့ရသည်။
သို့ဖြစ်၍ အဆိုပါ ကောင်းခါးကျေးရွာနှင့်လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိက တရားခံမှာ စက်ရုံပိုင်ရှင် ဦးလျှိုပါ့ ဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရေးအတွက် ၂ လခွဲခန့်သာ လုပ်ကိုင်၍ စက်ရုံဖျက်သိမ်းကာ ဆက်စပ်ပစ္စည်းများအား ၎င်းနေထိုင်သည့် လွယ်ခမ်ကျေးရွာတွင် သိုဝှက်ကာ မိသားစုနှင့် အတူ နေထိုင်လျက်ရှိရာမှ တပ်မတော်စစ်ကြောင်းများက မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများအား လိုက်လံ ရှင်းလင်းသည့် အချိန်တွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာသို့အပ်နှံ၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကတရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment