Monday, March 9, 2020

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၁၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မတော် ထုတ်ပြန်

Image may contain: house, sky, tree, plant, cloud, grass, outdoor and nature
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ် ကျေးရွာအနီး ပတ်ဝန်းကျင် နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ ငွေကျပ် ၁၃၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေလုံခြံုရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၉ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးချမ်းဘောမ် (ဘ)ဦးဘောမ်ချမ်း ပိုင်ဆိုင်သည့် လွယ်ခမ်ကျေးရွာရှိ သွပ်မိုးအုတ်ကာ ဂိုထောင်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀၀၀၀ ပြား၊ ၈၈။၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၆၀၀၀ ပြားနှင့် အက်ဖီဒရင်း အမှုန့် ၅ ကီလိုဂရမ်ခန့်၊ (စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀ ဘီလီယံကျော်)ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် အဆိုပါ နေရာရှိ ထွက်ပြေး တိမ်းရှောင်နေသော ဦးလျှိုပါ့(ဘ)ဦးလျှိုအယ် ပိုင်ဆိုင်သည့် တစ်ထပ်တိုက်အား ဝင်ရောက် ရှာဖွေရာ တစ်ထပ်တိုက်အတွင်းမှ WY ၊ 88/1 ၊ R ရောရာ စိတ် ကြွဆေးပြား ၁၈၄၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၄၂၀ ဂရမ်၊ ဘိန်းဖြူဘလာက်တုံး ၃၀၀ ဂရမ်၊ ICE ၈ ကီလိုဂရမ်၊ အရိုးမီးသွေးအိတ် ၁၄ အိတ်၊ ဆိုဒီယမ်ကာဗွန်နိတ် ၃၁ အိတ်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၂ အိတ်ခွဲ၊ ပိုတက်ဆီယမ်ကလိုရိုဒ်အမှုန့် ၂၀၀ ဗူး၊ ဆာရဖြူရစ် အက်ဆစ်ပုံးပြာ ၂၅ ပုံး၊ ဆက်ဆစ်အရည်ပါ(ကော်ပေပါ) ၁၁ လုံး၊ အက်ဆစ်ဘူးဖြူ လက်ကိုင်ပါ (အသေး) ၄၄၀ ဘူး၊ ရောင်စုံဆပ်ပြာခွက်အလွတ် ၆၀၀၀ ခွက်ခန့်၊ ဆေးပြားလှန်း သံဇလား ဆိုဒ်စုံ ၅ ခု၊ ဆေးပြားရေတွက်စက် ၅ ခု၊ ဖန်ပြွန်မျိုးစုံပါ(ပေပါ) ၄၁ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာအကြီး ၁၇ ဖာ၊ ဂတ်စ်အိုးအကြီး ၆ လုံး၊ ဂတ်စ်မီးဖို ၁၆၀ ခု၊ ဂတ်စ်ပိုက်လိုင်းခေါင်း ၁၅၀ ခု၊ ၁၀ ပေခန့်ရှိ ဂတ်စ်ပိုက်လိုင်း ကြေးခွေ ၂၀ ခွေ၊ စတီးပေါင်းအိုး(အကြီး) ၂ လုံး၊ အက်ဆစ်အရည်ပါ(သံပေပါ) ၆၉ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာ(အသေး) ၂၄ ဖာ ၊ (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံကျော်) နှင့်(ဆက်စပ်ပစ္စည်း ၁၉ မျိုးတို့၏ ကာလတန်ဖိုးငွေကျပ် ၆၉ သိန်းကျော်)တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့ သည်။
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်း ရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၁၀၇၅၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၉၂၇၀၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နှင့် ICE ၃၇၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာငွေကျပ် ၂၄၂ ဒသမ ၉ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၂၉ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၄၄ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိကတရားခံများ နှင့် ပါဝင်ပတ်သက်သူများ အား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေ တစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြံုရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
No photo description available.
Image may contain: outdoor
Image may contain: basketball court
Image may contain: cloud, sky, tree, house and outdoor
Image may contain: outdoor
No photo description available.
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<
ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၁၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မတော် ထုတ်ပြန်
Tuesday , March 10 , 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ် ကျေးရွာအနီး ပတ်ဝန်းကျင် နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ ငွေကျပ် ၁၃၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၉ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးချမ်းဘောမ် (ဘ)ဦးဘောမ်ချမ်း ပိုင်ဆိုင်သည့် လွယ်ခမ်ကျေးရွာရှိ သွပ်မိုးအုတ်ကာ ဂိုထောင်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀၀၀၀ ပြား၊ ၈၈။၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၆၀၀၀ ပြားနှင့် အက်ဖီဒရင်း အမှုန့် ၅ ကီလိုဂရမ်ခန့်၊ (စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀ ဘီလီယံကျော်)ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် အဆိုပါ နေရာရှိ ထွက်ပြေး တိမ်းရှောင်နေသော ဦးလျှိုပါ့(ဘ)ဦးလျှိုအယ် ပိုင်ဆိုင်သည့် တစ်ထပ်တိုက်အား ဝင်ရောက် ရှာဖွေရာ တစ်ထပ်တိုက်အတွင်းမှ WY ၊ 88/1 ၊ R ရောရာ စိတ် ကြွဆေးပြား ၁၈၄၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၄၂၀ ဂရမ်၊ ဘိန်းဖြူဘလာက်တုံး ၃၀၀ ဂရမ်၊ ICE ၈ ကီလိုဂရမ်၊ အရိုးမီးသွေးအိတ် ၁၄ အိတ်၊ ဆိုဒီယမ်ကာဗွန်နိတ် ၃၁ အိတ်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၂ အိတ်ခွဲ၊ ပိုတက်ဆီယမ်ကလိုရိုဒ်အမှုန့် ၂၀၀ ဗူး၊ ဆာရဖြူရစ် အက်ဆစ်ပုံးပြာ ၂၅ ပုံး၊ ဆက်ဆစ်အရည်ပါ(ကော်ပေပါ) ၁၁ လုံး၊ အက်ဆစ်ဘူးဖြူ လက်ကိုင်ပါ (အသေး) ၄၄၀ ဘူး၊ ရောင်စုံဆပ်ပြာခွက်အလွတ် ၆၀၀၀ ခွက်ခန့်၊ ဆေးပြားလှန်း သံဇလား ဆိုဒ်စုံ ၅ ခု၊ ဆေးပြားရေတွက်စက် ၅ ခု၊ ဖန်ပြွန်မျိုးစုံပါ(ပေပါ) ၄၁ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာအကြီး ၁၇ ဖာ၊ ဂတ်စ်အိုးအကြီး ၆ လုံး၊ ဂတ်စ်မီးဖို ၁၆၀ ခု၊ ဂတ်စ်ပိုက်လိုင်းခေါင်း ၁၅၀ ခု၊ ၁၀ ပေခန့်ရှိ ဂတ်စ်ပိုက်လိုင်း ကြေးခွေ ၂၀ ခွေ၊ စတီးပေါင်းအိုး(အကြီး) ၂ လုံး၊ အက်ဆစ်အရည်ပါ(သံပေပါ) ၆၉ လုံး၊ ဖန်ပြွန်မျိုးစုံပါ ချပ်ဖာ(အသေး) ၂၄ ဖာ ၊ (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံကျော်) နှင့်(ဆက်စပ်ပစ္စည်း ၁၉ မျိုးတို့၏ ကာလတန်ဖိုးငွေကျပ် ၆၉ သိန်းကျော်)တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့ သည်။
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်း ရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၁၀၇၅၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၉၂၇၀၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နှင့် ICE ၃၇၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာငွေကျပ် ၂၄၂ ဒသမ ၉ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၂၉ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၄၄ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိကတရားခံများ နှင့် ပါဝင်ပတ်သက်သူများ အား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေ တစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment