Monday, March 9, 2020

အီတလီနိုင်ငံတွင် လူစုလူဝေး ပြုလုပ်ခွင့် နှင့် တစ်နိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်ပင်


Image may contain: one or more people, sky and outdoor
အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက အီတလီပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပြီး အီတလီ တစ် နိုင်ငံလုံး ခရီးသွားလာခွင့်နဲ့ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်လိုက်ပြီလို့ မတ်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
“ဇုန်(၁)တို့၊ ဇုန်(၂)တို့ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အီတလီပဲ ရှိပါတော့တယ်။ အီတလီ တစ်နိုင်ငံလုံး ကာကွယ်ရေးဇုန် ဖြစ်သွားပါပြီ။ အရေးကြီးတဲ့ အကြောင်းကိစ္စမရှိဘဲ ခရီးသွားတာမျိုးကို ရှောင်ကြဉ်ကြပါ”လို့ ဝန်ကြီးချုပ် ကွန်တီက ပြောသွားခဲ့ ပါတယ်။

အီတလီနိုင်ငံဟာ တရုတ်ပြည်မကြီးပြီးရင် ကူးစက်မှုရော သေဆုံးမှုပါ အများဆုံး ဖြစ်လာခဲ့တဲ့နောက် အဲဒီလို ထုတ်ပြန်ခဲ့ရ တာပါ။ ဒီနေ့မနက် စာရင်းတွေအရဆိုရင် အီတလီမှာ ကူးစက်သူ ၉၁၀၀ ကျော်သွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၄၆၀ ကျော် သွားပါပြီ။

အခု တင်းကျပ်လိုက်တဲ့ ဥပဒေအသစ်အရ အီတလီ စီးရီးအေ ဘောလုံးပွဲတွေအားလုံး ရပ်ဆိုင်းထားရမှာပါ။ ပြည်သူတွေ အနေနဲ့ အလုပ်ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ အရေးပေါ်ကိစ္စ တစ်ခုခုမရှိဘဲ ခရီးသွားလာလို့ မရပါဘူး။ အဲဒီအမိန့်က ဧပြီ ၃ ရက် နေ့အထိ သက်ရောက်မှုရှိမှာပါ။ပြီးခဲ့တဲ့ အပတ်တုန်းက ပိတ်ထားလိုက်ပြီး အခုလလယ်လောက်မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ အကုန်လုံးလည်း ဧပြီလဆန်းမှ ပြန်ဖွင့်ရတော့မှာ ဖြစ်ပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မှုက အဆိုးရွားဆုံးဖြစ်နေပါတယ်။ လွန်ဘာဒီအရပ်မှာဆိုရင် ဆေးရုံခုတင် လုံလောက် မှုမရှိတော့ဘူးလို့ အကူအညီတောင်းနေတာ တွေ့ရပါတယ်။ အစိုးရက ကျန်းမာရေး ဝန်ထမ်း ၂၀၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းသိမ်းဖို့ကြိုးစားနေပေမယ့် အင်အားမလုံလောက်တာကြောင့် အငြိမ်းစားယူထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ အကူအညီတောင်းနေရပြီဖြစ်ပါတယ်။

Source: AFP ref-onenews
>>Zawgyi<<
အီတလီနိုင်ငံတွင် လူစုလူဝေး ပြုလုပ်ခွင့် နှင့် တစ်နိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်ပင်
Tuesday , March 10 , 2020
အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက အီတလီပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပြီး အီတလီ တစ် နိုင်ငံလုံး ခရီးသွားလာခွင့်နဲ့ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်လိုက်ပြီလို့ မတ်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

“ဇုန်(၁)တို့၊ ဇုန်(၂)တို့ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အီတလီပဲ ရှိပါတော့တယ်။ အီတလီ တစ်နိုင်ငံလုံး ကာကွယ်ရေးဇုန် ဖြစ်သွားပါပြီ။ အရေးကြီးတဲ့ အကြောင်းကိစ္စမရှိဘဲ ခရီးသွားတာမျိုးကို ရှောင်ကြဉ်ကြပါ”လို့ ဝန်ကြီးချုပ် ကွန်တီက ပြောသွားခဲ့ ပါတယ်။

အီတလီနိုင်ငံဟာ တရုတ်ပြည်မကြီးပြီးရင် ကူးစက်မှုရော သေဆုံးမှုပါ အများဆုံး ဖြစ်လာခဲ့တဲ့နောက် အဲဒီလို ထုတ်ပြန်ခဲ့ရ တာပါ။ ဒီနေ့မနက် စာရင်းတွေအရဆိုရင် အီတလီမှာ ကူးစက်သူ ၉၁၀၀ ကျော်သွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၄၆၀ ကျော် သွားပါပြီ။

အခု တင်းကျပ်လိုက်တဲ့ ဥပဒေအသစ်အရ အီတလီ စီးရီးအေ ဘောလုံးပွဲတွေအားလုံး ရပ်ဆိုင်းထားရမှာပါ။ ပြည်သူတွေ အနေနဲ့ အလုပ်ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ အရေးပေါ်ကိစ္စ တစ်ခုခုမရှိဘဲ ခရီးသွားလာလို့ မရပါဘူး။ အဲဒီအမိန့်က ဧပြီ ၃ ရက် နေ့အထိ သက်ရောက်မှုရှိမှာပါ။ပြီးခဲ့တဲ့ အပတ်တုန်းက ပိတ်ထားလိုက်ပြီး အခုလလယ်လောက်မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ အကုန်လုံးလည်း ဧပြီလဆန်းမှ ပြန်ဖွင့်ရတော့မှာ ဖြစ်ပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မှုက အဆိုးရွားဆုံးဖြစ်နေပါတယ်။ လွန်ဘာဒီအရပ်မှာဆိုရင် ဆေးရုံခုတင် လုံလောက် မှုမရှိတော့ဘူးလို့ အကူအညီတောင်းနေတာ တွေ့ရပါတယ်။ အစိုးရက ကျန်းမာရေး ဝန်ထမ်း ၂၀၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းသိမ်းဖို့ကြိုးစားနေပေမယ့် အင်အားမလုံလောက်တာကြောင့် အငြိမ်းစားယူထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ အကူအညီတောင်းနေရပြီဖြစ်ပါတယ္။

Source: AFP ref-onenews

0 comments:

Post a Comment