Tuesday, March 10, 2020

သင်္ကြန်ကျင်းပရေး အလောတကြီးမဆုံးဖြတ်သင့်ဟု ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ ပြော

Image may contain: 1 person, standing and outdoor

ယခု ၂၀၂၀ ခုနှစ်၌သင်္ကြန်ကျင်းပရေး အလောတကြီးမဆုံးဖြတ်သင့်ဘဲစောင့်ကြည်သင့်သေးကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားလာသော ကိုရိုနာဗိုင်းရပ်စ် COVID-19 နှင့်ပတ်သက်၍ အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။
“ မြို့တော်ဝန်ကြီးကအရမ်းမပြောသင့်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ဒီရောဂါကြီးကစောင့်ကြည့်ရဦးမယ်လေ။ နောက်ပြီး ပွဲတော်ကလူစုလူဝေးတွေနဲ့လုပ်မှာ။ အလောတကြီးမဆုံးဖြတ်သင့်ဘူး။ အချိန်ယူပြီး စောင့်ကြည့်သင့်တယ်လို့တော့မြင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ဘာမှမပြောလိုတော့ဘူး”ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
မဟာသင်္ကြန်ကျင်းပမည့်ရက်ရွှေ့ပြောင်းရန်အကြောင်းမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သောအဆောက်အဦများအကြောင်းဆွေးနွေးပွဲအပြီးတွင် မီဒီယာများထံ ပြောကြားထားသည်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် လူစုလူဝေးပွဲအခမ်းအနားများကို တတ်နိုင်သမျှမကျင်းပရေး၊ မဖြစ်မနေကျင်းပရန်ရှိလျှင်လည်း ထုတ်ပြန်ထားသည့်အချက်များအတိုင်းဆောင်ရွက်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
Image may contain: one or more people, people standing, crowd and outdoor
Source - akonthi
<zawgyi>

0 comments:

Post a Comment